Gadgets, News, Review

X1173 Projector

X1173 Projector

Acer အမှတ်တံဆိပ် Projectors တွေထဲမှာ အိမ်သုံး၊ ရုံးတွင်းသုံးအတွက် အဆင်ပြေစေမယ့် Acer X1173 Projector လေးနဲ့ မိတ်ဆက်ပေးပါရစေ။ သွယ်လျတဲ့ပုံစံနဲ့ ခန့်ညားတဲ့ ဒီဇိုင်းအပြင်အဆင် ထုတ်လုပ်ထားပြီး Resolution ကို SVGA mode (800X600) ကရုပ်ထွက် အရည်အသွေးကို ကြည်လင်ပြတ်သားစွာဖြင့် 3D Ready ဖြစ်နေစေကာ အကောင်းမွန်ဆုံး ရုပ်ထွက်ကိုတွေ့မြင်ရမှာပါ။ Contrast ratio 13000:1 ဖြစ်တဲ့အတွက် အခန်းတွင်း အသုံးပြု မှုအတွက် ရွေးချယ်သင့်ပါတယ်။ Brightness အတွက် lumens 3,000 ANSI ကို Standard mode, lumens 2,400 ANSI ကို ECO mode အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ lamp life အနေဖြင့် Standard mode နာရီ (5000) အသုံးပြုနိုင်သလို ECO mode အနေဖြင့် နာရီ (6000) , Extreme Eco mode ကို နာရီ (10,000) အထိ အသုံးပြု နိုင်ခြင်းက ကျေနပ်စရာပါ၊ Input Interface အနေနဲ့ D-sub VGA , Compsite Video , S-Video , Stereo mini Jack 1 ခု ပါဝင်ပါတယ်။ အလေးချိန် 2.0 kg (4.4 lbs) ပဲရှိတဲ့အတွက် အလွယ်တကူ သယ်ယူနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ ဒါကြောင့် သင့်အိမ်ခန်း၊ ရုံးခန်းနဲ့ အဖွဲ့အစည်း အခမ်းအနားတွေအတွက် Acer ရဲ့ X1173 Projector ကို ရွေးချယ်ဝယ်ယူသင့်တယ်လို့ ပြောပါရစေ။ အာမခံသက်တမ်း (1) နှစ်ဖြင့် ရွှေလမင်းကုမ္ပဏီမှ တင်သွင်းဖြန့်ဖြူးလျှက်ရှိပြီး ဝယ်ယူချင်တယ်ဆိုရင်တော့ မြန်မာပြည် အနယ်နယ်ရှိ Computer ဆိုင်များတွင် ရွေးချယ် ဝယ်ယူနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက ဖုန်း 230-1797, 230-1798 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဈေးနှုန်း – USD 385

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *