Mobile

Samsung Galaxy S III (CDMA)

samsungs3

General
2Gနဲ့ 3Gကွန်ယက်တွေမှာ CDMAစနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး 4Gအတွက် 700/1900 MHzတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Simအမျိုးအစားက micro Simကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Body
အရွယ်အစားကို ကြီးမားကျယ်ပြန့်အောင် တစ်နည်းပြောရရင် Displayအပိုင်း ကျယ်၀န်းအောင် တည်ဆောက်ထားတဲ့အတွက် ကိုယ်ထည်ကို တတ်နိုင်သလောက် မာကျောအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ အရွယ်အစားက အရှည် ၅.၄၀ လက်မ၊ မျက်နှာပြင်အကျယ် ၂.၈၀ လက်မနဲ့ ဟန်းဆက်ရဲ့ အထူက ၀.၃၀ လက်မသာ ရှိမှာဖြစ်လို့ အကောင်းဆုံးပါပဲ။ အလေးချိန်က ၁၃၃.၂ ဂရမ် ရှိမှာ ဖြစ်လို့ အနည်းငယ်များပေမယ့် သူ့အရွယ်နဲ့စာရင်တော့ များတယ်လို့ မဆိုသာပါဘူး။

Dislpay
Screen အမျိုးအစားက Super AMOLEDကို အသုံးပြုထားပြီး၊ Touchscreen စနစ်ဖြစ်ကာ အရောင်ပေါင်း ၁၆ သန်းကို ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ Screen အရွယ် အစားက ၄.၈ လက်မထိအောင် ပြသပေးနိုင်မှာ ဖြစ်သလို Pixelနှုန်းက 720×1280 ဖြစ်လို့ ရုပ်ထွက်ပိုင်းတော့ အကောင်းဆုံးဆိုတာကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Screenကို အပျက်အစီးတွေက ကာကွယ်နိုင်အောင် TouchWiz UIစနစ်နဲ့ အသုံးပြု ကာကွယ်ထားတာ တွေ့ရပါတယ်။

Sound
ပုံမှန် အသုံးပြုနေကျ MP 3နဲ့ WAV အမျိုးအစား Ringtoneတွေကို အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ Alertကလည်း Vibrationပဲ ဖြစ်ပါတယ်။ Loud Speaker ပါရှိမှာ ဖြစ်ပြီး 3.5 mm အရွယ်ရှိမယ့် Headphone Jackလည်း ထည့်သွင်း တပ်ဆင်ထားပါတယ်။

Memory and Data
Internal Memoryအဖြစ် 16 GB ဒါမှမဟုတ် 32 GBထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်၀ယ်ယူနိုင်မှာ ဖြစ်ပြီးတော့ RAMက 2 GB ရှိပါလိ်မ့်မယ်။ Extended အဖြစ် Memoryကို တိုးမြှင့်သုံးစွဲချင်သူတွေအတွက် micro SD Cardကို အသုံးပြုပြီး 64 GBအထိ Extneded လုပ်နိုင်မှာပါ။ Wireless အပိုင်းမှာ Wi-Fi 802.11 a/b/g/n, Dual Band, DLNA, Wi-Fi Directနဲ့ Wi-Fi hotspotတွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetoothအတွက် version v4.0ကို အသုံးပြုနိုင်မှာပါ။ NFC ပါ၀င်မှာ ဖြစ်တဲ့အပြင် microUSB v2.0လည်း ပါရှိမှာ ဖြစ်ပါတယ်။

Camera
8 Mega Pixel အားရှိမယ့် ကင်မရာ တပ်ဆင်ပေးထားတာကြောင့် Photoတွေ Video ရိုက်ကူးမှုတွေမှာ အားသာချက် ရှိစေမှာပါ။ Resolutionနှုန်း 3264×2448 Pixelနှုန်းက မက်လောက်စရာပါပဲ။ Autofocus စနစ်ကို အလွယ်တကူ သုံးစွဲနိုင်မှာ ဖြစ်သလို LED Flash Lightလည်း ပါ၀င်တာကြောင့် Night Scence အတွက်လည်း အဆင်ပြေစေပါလိမ့်မယ်။ HD Vedioတွေကို တစ်ဆက်တည်း မှတ်တမ်းတင် ရိုက်ကူးနိုင်မှာ ဖြစ်သလို Geo-tagging, Touch Focus, Face and Smile Detectionနဲ့ Image Stabilization စနစ်တွေလည်း သုံးစွဲနိုင်မှာပါ။ Video ရိုက်ကူးနိုင်ဖို့အတွက် 1080 Pixelအား ပါရှိပြီး ပေ ၃၀ အတွင်း အကောင်းဆုံး ရိုက်ကူးပေးနိုင်မှာပါ။ Secondary ကင်မရာ ပါရှိပြီး 1.9 Mega Pixel စွမ်းအားရှိမှာ ဖြစ်ပါတယ်။

Features
အသုံးပြုထားတဲ့ OS စနစ်က Andriod OS v4.1 (Jelly Bean) ဖြစ်ပြီး Chipsetက Qualcomm MSM8960 Snapdragon အမျိုးအစား ဖြစ်ပါတယ်။ CPU အမျိုးအစားက Dual Core ဖြစ်ပြီး အမြန်နှုန်းက 1.5 GHzဖြစ်လို့ မြန်နှုန်းမြင့် ဟန်းဆက်တစ်ခု ဖြစ်ပါတယ်။ Graphicsအတွက် Adreno 225ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Messaging အပိုင်းမှာ SMS, MMS, Email, Push Email, IMနဲ့ RSSတွေကို သုံးနိုင်မှာပါ။ Browserက HTML 5ဖြစ်လို့ Network အသုံးပြုမှုကို အကောင်ဆုံး ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ GPSစနစ် အသုံးပြုနိုင်မှာ ဖြစ်ပြီး အရောင်တွေကတော့ ခရမ်းပြာရောင်၊ အဖြူရောင်၊ ခရမ်းရောင်တွေကို စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။

Battery and Price
Li-ion အမျိုးအစား Batteryကို အသုံးပြုထားပြီး Capacityက 2100 mAhရှိမှာ ဖြစ်သလို Stand-by အနေအထားမှာ နာရီပေါင်း ၂၀၀ကျော် ထားရှိ အသုံးပြုနိုင်မှာ ဖြစ်ပြီး Talk Time အဖြစ်နဲ့တော့ ၁၅ နာရီကျော် ကြာအောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ၅၀၀၀၀၀ကျပ်၀န်းကျင် ဖြစ်ပြီး ၀၉-၂၄၀-၂၂၀၀မှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref: www.gsmarena.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *