Mobile

Dell Latitude 10

dell-latidude

Pros
လဲလှယ် တပ်ဆင်နိုင်တဲ့ Battery ဒီဇိုင်းမျိုး ထုတ်လုပ်ထားလို့ Charging အတွက် အခက်အခဲရှိတဲ့ နေရာတွေကို သယ်သွားမယ်ဆိုရင် အသင့်တော်ဆုံးပါပဲ။ နောက်တစ်ချက်က Window XP, Vista, Window 7နဲ့ Window 8တို့ အားလုံးကို Run နိုင်မှာ ဖြစ်လို့ စွယ်စုံသုံးနိုင်မှာ ဖြစ်ပါတယ်။ စွမ်းအင် သုံးစွဲမှု နည်းပါးတဲ့အတွက် Batteryက Standardမှာရော Extendedမှာပါ သက်တမ်း ရှည်ကြာအောင် သုံးစွဲနိုင်ပါလိမ့်မယ်။
သယ်ယူရ လွယ်ကူအောင် လုပ်ဆောင်ထားတာကလည်း အားသာချက် တစ်ခုပါ။ Smart ပစ္စည်းတိုင်း Portable ဖြစ်ပေမယ့် Dellရဲ့ ပစ္စည်းက နှာတစ်ဖျား သာတာတွေ့ရမှာပါ။ နောက်တစ်ချက် Webcam တည်ဆောက်ထားပုံကလည်း လူငယ်ကြိုက် ဖြစ်မှာပါ။ နောက်ပြီး WWANနဲ့ GPS စနစ်တွေကိုပါ သုံးစွဲနိုင်ပါလိမ့်မယ်။ Smart Card Rederနဲ့ Biometric Finger Print Readerတွေ ပါ၀င်မှာပါ။

Cons
USB 2.0သာ တပ်ဆင်ထားတာကြောင့် USB 3.0လောက် အဆင်မပြေဘူးလို့ ေ၀ဖန်နေကြပါတယ်။ နောက်တစ်ချက်က Storage အပိုင်းမှာ အားနည်းချက် အနည်းငယ် ပါရှိနေတာ ဖြစ်ပါတယ်။

Design and Feature
Dell Latitude 10ဟာ IPS Display စနစ်သုံး ၁၀.၁ လက်မ အရွယ်ရှိ Display ပါ၀င်မှာ ဖြစ်ပြီး Touch စနစ်ကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ Frame အပိုင်းမှာ မဂ္ဂနီဆီယမ် ဦးစားပေး တည်ဆောက်ထားပြီး မျက်နှာပြင်တွေကိုတော့ ပလတ်စတစ် ဦးစားပေး တည်ဆောက်ထားပါတယ်။ Display Glassက Gorilla Glass အမျိုးအစား ဖြစ်ပါတယ်။ အလေးချိန် ၁.၆ ပေါင်ရှိမှာဖြစ်လို့ ပေါ့ပါးမှု ရှိမှာ ဖြစ်ပြီး မျက်နှာပြင် ၁၁ လက်မ၊ အမြင့် ၇ လက်မနဲ့ အထူ ၀.၅၂ လက်မသာ ရှိမှာပါ။ USB 2.0 Port, micro USB Port, SD Card Reader, Volume Control, mini HDMI Portနဲ့ Kingsington Lock Portတွေ ကိုယ်ထည်မှာ ထည့်သွင်း တပ်ဆင်ထားပါတယ်။
Resolutionက 1366×768 ဖြစ်လို့ ရုပ်ထွက်ပိုင်းတော့ အနည်းငယ် လိုအပ်ချက် ရှိမှာပါ။ ရှေ့ဖက် ကင်မရာက 2 Mega Pixel စွမ်းအားရှိပြီး 720 p HD ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ အားသာချက် တစ်ခုက Monitor တစ်ခုခုနဲ့ အလွယ်တကူ ချိတ်ဆက်ပြီး Videoတွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Flash Memory အနေနဲ့ နှစ်မျိုး ရွေးချယ်၀ယ်ယူနိုင်မှာ ဖြစ်ပြီး 64 GBနဲ့ 128 GBဆိုပြီး ရွေးချယ်နိုင်မှာပါ။ ဒါ့အပြင် Extended အဖြစ်လည်း တိုးချဲ့ သုံးစွဲနိုင်ဦးမှာ ဖြစ်ပါတယ်။ Wirelessတွေ အဖြစ် via 802.11 a/b/g/n Wi-Fi, HSPA+, 3G WWANနဲ့ 4G LTEတွေကို ချိတ်ဆက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Performance
Memory အပိုင်းမှာ 2 GB ပါရှိမှာ ဖြစ်ပြီး Processorကိုတော့ Intel Atom Z2760 အမျိုးအစားကို အသုံးပြုထားတာ တွေ့ရပါတယ်။ အမြန်နှုန်းက 1.8 GHz ရှိမှာ ဖြစ်လို့ အသုံးချမှု မြန်ဆန်ကောင်းမွန် ပါလိမ့်မယ်။ Graphicအတွက် Intel Graphic Media Acceleratorကို အသုံးပြုထားပါတယ်။ Battery Run Timeက ၉ နာရီနဲ့ မိနစ် ၂၀ ကြာအောင် သုံးစွဲနိုင်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၂.၂၃ ဒေါ်လာ ဖြစ်တာကြောင့် သင့်တင့်မှု ရှိပါတယ်။
Ref: www.pcmag.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *