Mobile

Dell Latitude 10 Tablet

dell-latidude-10tablet

Dellဟာ သူတို့ရဲ့ Latitude 10 Tabletကို Security တိုးမြှင့်ဖို့အတွက် Smart Cardနဲ့ Fingerprint Readerကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို Securityပိုင်း ပိုကောင်းစေဖို့ Smart Cardနဲ့ Fingerprint Readerကို ထပ်မံထည့်သွင်းရတာဟာ အစိုးရရုံး၊ ကျန်းမာရေးဌာနနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဒီ Tabletကို အသုံးပြုလာအောင် ရည်ရွယ်တယ်လို့ သိရပါတယ်။ Dell Latitude 10 Tabletဟာ မော်ဒယ်လ်အဟောင်းမှာ မျက်နှာပြင် အကျယ် ၁၀.၁လက်မ ရှိပြီး၊ Batteryက ၈နာရီ အသုံးခံပါတယ်။ အလေးချိန်ကတော့ ၁.၅ပေါင်ရှိပြီး ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် အသစ်ထပ်ထွက်မယ့် Versionမှာတော့ 2-Cell Batteryအစား 4-Cell Batteryကို အသုံးပြုပြီး နာရီ ၂၀ အသုံးပြုနိုင်မယ်လို့ Dellမှ ကြေညာ လိုက်ပါတယ်။

ဒီလိုမျိုး Batteryကို အချိန်ကြာရှည် ဆက်တိုက် အသုံးပြုနိုင်ဖို့အတွက် Tabletရဲ့ အထူကတော့ 4mm ပိုထူမယ်လို့လည်း Dellရဲ့ Official Websiteမှာ ကြေညာခဲ့ပါတယ်။ Pund-ITမှ Charles Kingကတော့ Battery Life အလွန်ကြာရှည်စွာ အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ဟာ ဆေးရုံတွေနဲ့ Public Safety Centreတို့လို 24/7 အလုပ်လုပ်နေတဲ့ နေရာတွေမှာ သုံးဖို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ပဲလို့ ပြောခဲ့ပါတယ်။ ဒီလို လုံခြုံမှုနဲ့ Battery Life ကောင်းမွန်အောင် တိုးမြှင့်ထားတဲ့ Versionမှာ OSအနေနဲ့ Windows 8 Proကို သုံးမှာဖြစ်ပြီး Processorကတော့ Intel Atom Proessorနဲ့ Storage Memoryကတော့ 64GB ပါရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ USD 779လို့ သိရပြီး 4-Cell Batteryနဲ့ဆိုရင် USD 55 ထပ်မံ ကုန်ကျမယ်လို့ သိရပါတယ်။ ဒီ Tablet အသစ်ကို လက်ရှိအချိန်မှာ ဝယ်ယူလို့ ရနေပြီ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *