Opinion

နှစ်တစ်နှစ် ကုန်ဆုံးသွားချိန် နောက်တစ်နှစ်မှာသင့်ကုမ္ပဏီအတွက် လုပ်သင့်သောလုပ်ဆောင်ချက် ၇ ချက်

နှစ်တစ်နှစ် ကုန်ဆုံးသွားချိန် နောက်တစ်နှစ်မှာသင့်ကုမ္ပဏီအတွက် လုပ်သင့်သောလုပ်ဆောင်ချက် ၇ ချက်

အခုဆိုရင် ဒီဇင်ဘာရောက်လာပြီဆိုတော့ သင့်အနေနဲ့ နောက်တစ်နှစ်အတွက် အကောင်းဆုံးအပြောင်း အလဲနဲ့အ   ကောင်းဆုံးလုပ်ဆောင်ချက်တွေအတွက် ပြင်ဆင်ရတော့မှာအမှန်ပါပဲ။ ထို့အတွက်ကြောင့် သင့်ကုမ္ပဏီအတွက်လုပ် ဆောင်သင့်တဲ့ လုပ်ငန်းဆောင်ရွက်ချက်၇ ချက်ကို ရေးသားပေးလိုက်ရပါတယ်။

1. သင့်ကုမ္ပဏီ ကြီးထွားဖို့အတွက် လုပ်ဆောင်ရမဲ့ အချက်တွေကိုချမှတ်ပါ။

သင့်ကုမ္ပဏီကို နောက်တစ်နှစ်မှာ  အကောင်းဆုံးလိုက် လျောညီထွေစွာဖြင့် ကြီးထွားတိုးတက်စေရန်ခန့်မှန်း လိုပါသလား?  နောက်တစ်နှစ်မှာ လုပ်ဆောင်ရမဲ့ သင့်ကုမ္ပဏီရဲ့ နေရာတစ်နေရာခြင်းစီအတွက် ကုန်ကျစရိတ် များကို မှတ်သားပြီးလုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များကို အစီအစဉ်ချထားပါ။ ထိုလုပ်ဆောင်ချက်တွေကတော့…

သင့်ရဲ့ အရောင်းဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီးအခွန်ငွေ သတ်မှတ်ချက်တွေ ရှိလား ?
ဝန်ထမ်းအသစ်တွေအတွက် ပြည့်စုံလုံလောက်တဲ့ ရုံခန်းနေရာတွေရှိလား ?
မိမိ၏ clientများနှင့် တိုက်ရိုက် ဆက်သွယ်ရသည့် ဝန်ထမ်းများ၏ အစွမ်းကုန် ကြိုးစားမှု မြင့်တက်လား ?
Internet ဖိုးကုန်ကျစရိတ်အတိုင်းမိမိအလုပ်အတွက် အကျိုးဖြစ်ထွန်းမှု တိုးပွားလာသလား ?

အထက်ဖော်ပြပါအချက်တွေအတိုင်းမိမိရဲ့ လိုအပ်ချက် အသေးစိတ်အစီအစဉ်ချမှတ်ပြီး တစ်နှစ်စာအစီအစဉ်ကိုရေး ဆွဲထားသင့်ပါတယ်။

2. စာအုပ်အော်ဒါတွေကိုမှာယူပါ

အကယ်၍ သင့်အနေနဲ့ လစဉ် အခွန်ငွေပေးချေရမှု စာရင်းသို့မဟုတ်လုပ်ငန်းအတွက် ကုန်ကျစရိတ်စာရင်းတွေကိုစာ အုပ်တစ်အုပ်ချင်းစီနဲ့ သေသေချာချာမှတ်သားထားခြင်းမရှိပဲပွစာကြဲနေအောင် လျှောက်မှတ်ထားမယ်ဆိုရင် သင့်ကုမ္ပဏီ ရဲ့လုပ်ဆောင်ချက်တွေကို ပြန်ကြည့်တဲ့အခါ သင့်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ မကုန်သင့်ပဲကုန်ဆုံးမှာမ လွဲဧကန်ပဲဖြစ်ပါတယ်။

ဒီအချိန်မှာဘဏ္ဍာရေးဌာနမှာသင့်ကုမ္ပဏီရဲ့ ငွေကြေးကုန်ကျမှု စာရင်းကိုအသေးစိတ်ကအစသေသေချာချာစစ်ဆေး ကြည့်မယ်ဆိုရင် ထွက်ရှိလာတဲ့ အဖြေဟာအနုတ်လက္ခဏာ ပြနေတာကိုသင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်နှစ် မှာတော့ ဒီအချက်တွေကို ပြန်လည်ပြုပြင်မွန်းမံဖို့အတွက် အကောင်းဆုံးအစီအစဉ်နဲ့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်းလုပ်ဖို့ လိုအပ်လာတာ ကိုသင်သိရှိလာပါလိမ့် မယ်။ ထို့အတွက်ကြောင့် စာရွက်စာတမ်းတွေ၊ စာအုပ်တွေနဲ့ စနစ်တကျ မှတ်သားထားဖို့လိုအပ်တာဖြစ်ပါတယ်။

3. ဝန်ထမ်းတွေကို စည်းရုံးထားပါ။
သင့်အနေနဲ့သင့်ရဲ့ စီးပွားရေးအကြောင်းကိုပဲအချိန်တိုင်းစဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ အတွေးတွေကိုသင့်ဝန်ထမ်းများအား ပြောပြဖို့ အတွက် အချိန်အခက်အခဲရှိနေခဲ့မယ်ဆိုရင် သင့်ကုမ္ပဏီရဲ့ ဦးတည် ချက်သို့မဟုတ် သင့်ကုမ္ပဏီရဲ့ ဝန်ဆောင်မှု အသစ်တွေကိုတစ်စုံတစ်ဦး၏ ထောက်ခံချက် မပါဝင်ပဲ ဆုံးဖြတ်ချက် ချလိုက်ပါ။

ဒီအကျိုးအမြတ်ကတော့ နှစ်ကုန်တဲ့အခါ သင့်အတွက် တန်ဖိုးကြီးလှတဲ့ အချိန်တစ်ခုကသင့်ကြိုးစားမှုအတွက်ရောင် ပြန်ဟပ်မှု တစ်ခုအနေဖြင့် စောင့်ကြိုနေပါလိမ့်မယ်။ အဲ့ဒါတွေကတော့ သင့်ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်၊ ပြိုင်ဆိုင်မှု  တွေကြောင်းနဲ့ သင့်ရဲ့ ပြီးပြည့်စုံလှတဲ့ အစီအစဉ်တွေနဲ့ နောက်တစ်နှစ်တွေမှာဆက်လက်ပြီးလုပ်ဆောင်သွားနိုင်ဖို့ ပဲဖြစ်ပါတယ်။ ဒီအချက်တွေကသင့်ရဲ့ဝန်ထမ်းတွေနဲ့ ဆွေးနွေးပွဲမတိုင်မီ သင့်ရဲ့ပျော်ရွှင်ဖွယ်ရာပိတ်ရက် ပါတီလေး ကိုစိတ်ညစ်စရာကောင်းတဲ့ စီးပွားရေးအကြောင်းတွေ ပြောပြီးမကုန်ဆုံးစေဖို့အတွက်ပဲ ဖြစ်ပါတယ်။

၄။ မိမိအတွက် သက်သာစေမဲ့ နည်းလမ်းများကိုရှာဖွေပါ။
သင့်ရဲ့ အတွေးတွေကိုသင်ဂတိပေးထားတဲ့အတိုင်းပိုပြီး ကြီးမားကျယ်ပြန့်အောင် လုပ်ဆောင်တဲ့အနေရာမှာ ကြီးမား တဲ့ ကုန်ကျမှုတွေရှောင်ကျဉ်ပြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

၅။ Company ရဲ့ နည်းပညာကုန်ကျစရိတ်ကိုတန်ဖိုးသတ်မှတ်ပါ။

သင့်ရဲ့ companyကိုနှစ်ချုပ်ပြန်ကြည့်မယ်ဆိုရင် ဝန်ထမ်းတွေဟာရှိပြီးသား နည်းပညာစနစ်ကိုအသုံးပြုနိုင်သလား သို့မဟုတ် အချို့ဝန်ထမ်းတွေက ဒီစနစ်ကိုတစ်ခါတစ်လေမှသာအသုံးပြုတယ်၊ အချို့ဝန်ထမ်းတွေက တစ်ခါမှကို အသုံးမပြုဖူးဘူးစတဲ့အချက်တွေကိုစစ်ဆေးပြီးမိမိ company မှာရှိတဲ့ နည်းပညာစနစ်ကိုနားလည်တယ်၊ နားမ လည်ဘူးဆိုတာကိုသိရှိနိုင်ပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သင့်Company မှာရှိတဲ့ နည်းပညာစနစ်ဟာကိုယ့်ဝန်ထမ်းတွေအတွက် အသုံးမဝင်ပဲ သင့်ရဲ့ငွေကုန်ကျမှုကိုများစေတယ်ဆိုရင်တော့ နောက်တစ်နှစ်မှာတော့ သင့်ရဲ့ဝန်ထမ်း တွေနဲ့ကိုက်ညီပြီးသင့် companyအတွက် အကျိုးရှိစေမဲ့ နည်းပညာစနစ်တစ်ခုနဲ့ အစားထိုးပြောင်းလဲသင့်ပါတယ်။

၆။ Company ရဲ့ ရည်ရွယ်ချက်တွေကိုချမှတ်ပါ။ 
အကောင်းဆုံးရည်ရွယ်ချက်ရှိခြင်းဟာမိမိရဲ့လုပ်ဆောင်မှုတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရည်ရွယ်ချက်ကိုသတ်မှတ်ချက်ကြီးတစ်ခုအနေနဲ့ ကြာရှည်စွာသုံးစွဲနေဖို့ မလိုပါဘူး။

နှစ်တစ်နှစ်အစမှာ Company ရဲ့ ရောင်းအားကို ၄၀ ရာခိုင်နှုန်းတိုးတက်အောင် သတ်မှတ်ပြီး အလုပ်လုပ်ကြမယ် ဆိုကြပါစို့ ဒါဆိုရင် Company ရဲ့ ပစ္စည်းရောင်းအားဟာ နှစ်ဝက်လောက်မှာတင် သတ်မှတ်ထားတဲ့ ၄၀ ရာခိုင်နှုန်း က ပြည့်သွားပြီးဆိုရင် နောက်နှစ်တွေမှာတော့ Company ရဲ့ ရည်ရွယ်ချက်ကိုပြောင်းလဲဖို့ လိုအပ်လာပါလိမ့်မယ်။ ဒီအချိန်မှာသင့်ဝန်ထမ်းတွေနဲ့တိုင်ပင်ပြီးသင်ကတော့ ဘယ်လိုပြောင်းလဲချင်တယ် သင့်ဝန်ထမ်းတွေကရောဘယ်လို ပြောင်းလဲချင်လဲစတဲ့ အစည်းအဝေးလေးတွေ လုပ်ပြီးပြောင်းလဲသင့်ပါတယ်။

၇။ Company အနေဖြင့် ကူညီပံ့ပိုးပေးပါ။

သင်ဟာ Company ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်ရဲ့Company ကိုတိုးတက်ကောင်းမွန်ပြီး အကောင်းဆုံးရပ်တည်နိုင်အောင် ကြိုးစားပေးနေတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးပါ။ ငွေကြေးအနေဖြင့် ရောလူမှုဆက်ဆံရေးအနေဖြင့်ပါ ကူညီထောက်ပံ့ပေးပါ။

ဥပမာတစ်နှစ်လုံးကိုယ့် Company အတွက် အလုပ်တွေလုပ်ရင်းအချိန်တွေကုန်ဆုံးပေးခဲ့တဲ့ ဝန်ထမ်းတွေကိုနှစ်ကုန် တဲ့အခါ လက်ဆောင်များပေးခြင်းသို့မဟုတ် အလှူငွေကြေးများဖြင့် ထောက်ပံ့ခြင်းဟာသင့်Company အတွက်အ စွမ်းကုန်ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို မိမိတတ်နိုင်သမျှကူညီထောက်ပံ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *