News

Acerရဲ့ အဆင့်မြင့် Notebook Aspire R7 ၀ယ်ယူနိုင်ပြီ

Acerအမှတ်တံဆိပ်ရဲ့ ဆန်းသစ်တဲ့အသွင်အပြင်တွေ၊ ထူးခြားတဲ့ နည်းပညာတွေကို ပေါင်းစပ်ထုတ်လုပ် လိုက်တဲ့ Aspire Series R7 notebookကို မိတ်ဆက်ပေးပါရစေ။ Intelရဲ့ Core i5 3337U CPU 1.8GHz ပါ၀င်ပြီး Turbo Boostကို 2.7 GHzအထိ ဆွဲတင်မောင်းနှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ DDR3 8 GB memoryပါ၀င်ပြီး သိုလှောင်မှုပမာဏ 1 TB HDD ဖြစ်တဲ့ အတွက်ကြောင့် လိုအပ်ချက်တွေကို ပြည့်စုံပြီးမြောက် စေမှာအမှန်ပါပဲ။ Graphicအသုံးပြုမှု အတွက်ကိုတော့ Intelရဲ့ HD Graphic 4000 Seriesကို ထည့်သွင်းအသုံးပြုခွင့် ပေးထားမှုက ကျေနပ်စရာပါ။ မျက်နှာပြင်အရွယ်အစား 15.6” Full HD Ultraslim IPS Touch Pannelကို အသုံးပြုထားခြင်းက လိုသလိုစေခိုင်းဖို့ အတွက် အသင့်ဖြစ် နေစေပါတယ်။

ဒါအပြင် Acerရဲ့ အောင်မြင်နေတဲ့ Wirelessနည်းပညာဖြစ်တဲ့ Acer Nplify 802.11 a/g/n Wi-Fiနည်းပညာ၊ Bluetooth 4.0 နည်းပညာ၊ ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ Acer Crystal Eye HD Webcamနည်းပညာ HDMI port, Gblan Hybride နည်းပညာပါ၀င်လာမှုက ဘက်ထရီကိုပုံမှန်ထက် ပိုမို ကြာမြင့်စွာ အသုံးပြုနိုင်ပြီး ပါဝါစားသက်သာခြင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်စေမှာပါ။ ပုံမှန်အသုံးပြုချိန် 8 နာရီ ဆက်တိုက်အသုံးခံနိုင်ပြီး Stand by modelအနေနဲ့ 12 နာရီကြာခံနိုင်ပါသည်။ လူကြိုက်များနေတဲ့ window 8 64 bits ကို လိုင်စင်အနေနဲ့ ပေါင်းစပ်ထည့်သွင်း ပေးထားမှုကလဲ ကျေနပ်မှုတွေ ပေးစွမ်းမှာပဲဖြစ်ပါတယ်။ အဆန်းသစ်ဆုံး နည်းပညာကတော့ notebookတစ်လုံးကို mode (3) မျိုးအနေနဲ့ပြောင်းလဲအသုံးပြုနိုင်တဲ့ EZel hinge နည်းပညာပဲဖြစ်ပါတယ်။

Notebook တစ်လုံးလို၊ Tablet တစ်လုံးလို၊ Desktop တစ်လုံးလို အသုံပြုနိုင်ခြင်းကို Dolby Home Theater Sound Systemနဲ့ တွဲဖက်အသုံးပြု ထားတဲ့အတွက် လူကြိုက်များတဲ့ Model အဖြစ် Computer Taipei 2013 ပြပွဲကြီးမှာ Red Dot Award for Desgin Excellenceဆု၊ Computer d8.i Desgin & Innovation Awardဆု၊ Best Choice award at Computer Taipei 2013ဆု စသည့်ဆုကြီး( 3 )ဆု ကိုရရှိခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အသိအမှတ် ပြုခံထားရတဲ့ Acerအမှတ်တံဆိပ်ရဲ့ Aspire R7 notebookကို ဂုဏ်ယူစွာ အသုံးပြုနိုင်စေဖို့ ၀ယ်ယူချင်တယ် ဆိုရင်တော့ ရွေှလမင်းနဂါးကုမ္ပဏီမှ တင်သွင်းရောင်းချ ပေးလျက်ရှိပြီး အသေးစိတ်သိရှိလိုပါက Ph: 221683, 217233, 2800088 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဈေးနှုန်း – 1,514,000 ကျပ်၀န်းကျင်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Acerရဲ့ အဆင့်မြင့် Notebook Aspire R7 ၀ယ်ယူနိုင်ပြီ

  1. Ko Nyi Nyi says:

    အင်း စိတ်ဝင်စားတယ် Mac book တောင် ဒီးဈေးနဲ့ ၀ယ်ကိုင်လို့ရတယ်

Leave a Reply

Your email address will not be published. Required fields are marked *