News

MSI GS70 2QE Stealth Pro Gaming (17.3”) Slim Notebook

MSI GS70 2QE Stealth Pro Gaming (17.3”) Slim Notebook

MSI GS70 2QE Stealth ProGaming Notebook ဟာ MSI ၏ အပေါ့ပါးဆုံးနှင့် အပါးအလွှာဆုံး 17.3” Gaming Notebook အမျိုးအစားဖြစ်ပါတယ်။ 4th Gen CPU core i7 (4720HQ, 2.6GHz) ကိုတပ်ဆင်အသုံးပြုထားသောကြောင့် သာလွန်တဲ့စွမ်းဆောင်ရည်ကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ Memory ကို(8GB DDR3 1600 MHz * 2) 16 GB တပ်ဆင်ထားပြီး 32GB အထိ လိုအပ်သလိုအမြင့်ဆုံး တပ်ဆင်နိုင်မှာဖြစ်ပါတယ်။Graphic အနေဖြင့်လက်ရှိတွင် အမြင့်ဆုံး nVidiaGeforce GTX 970M, 3GB DDR5 အမျိုးအစားကိုအသုံးပြုထားသောကြောင့် Gaming Performance ကိုအမြင့်ဆုံးရရှိနိုင်ပါတယ်။ 1TB HDD ပါဝင်သောကြောင့် Data သိုလှောင်မှုအပိုင်းမှာလည်း ပြောစရာမရှိလောက်အောင် လုံလောက်စေမှာ ဖြစ်ပါတယ်။ Anti-glare စနစ်အသုံးပြုထားတဲ့ 17.3” LED Display က အကောင်းဆုံးပုံထွက်တွေကို ပေးစွမ်းမှာဖြစ်ပြီး Full HD ကို Resolution (1920 x 1080) ဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ပါးလွှာပြီးပေါ့ပါးသောဒီဇိုင်းဖြင့် ပြုလုပ်ထားသောကြောင့် သုံးစွဲသူများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ Steelseries Engine အမျိုးအစားနှင့် LED Backlight Multi Color Keyboard ကို အသုံးပြုထားသောကြောင့် အလင်းရောင်အားနည်းတဲ့ နေရာတွင်ဖြစ်စေ၊ အမှောင်ထဲမှာဖြစ်စေ ပိုမိုပေါ်လွင်စေပြီးအသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။ Feature အသစ်ဖြစ်တဲ့ “SHIFT “ ဟာ Gaming Notebook ၏ performance နဲ့ temperature အတွင်းရှိစနစ်ထိန်းညှိမှုကို လုံးဝထိန်းချုပ်ပေးနိုင်ပါတယ်။ ထို့အပြင် GB LAN, WLAN၊ HD Webcam, Bluetooth 4.0 version ၊ HDMI, Display port, USB 3.0, D-Sub, eSATA တို့ပါဝင်ပါတယ်။ Battery အားဖြင့် 6cells ဖြစ်သောကြောင့် Battery Life time ကို ကြာရှည်အသုံးပြုနိုင်ပါတယ်။
MSI ၏ Gaming Feature တွေဖြစ်တဲ့ Matrix Display system (လုပ်ဆောင်ချက် ၃ မျိုးကို Monitor Display ၃ခုပေါ်မှာတစ်ပြိုင်နက် အသုံးပြုနိုင်တဲ့စနစ်)၊ အအေးပေးစနစ်ကို ပိုကောင်းအောင်ပြုလုပ်ထားတဲ့ Cooler Boost 2နည်းပညာ၊ အသံစနစ်တွင် အသံ၏အသေးစိတ် ကြည်လင်ပြတ်သားမှု နှင့် Surround Sound system တွေကိုအပြည့်အဝ ခံစားနိုင်မည့် Audio Boost 2 နှင့် Sound Blaster Cinema System တွေအပြင် Online ပေါ်က HD Video၊ High Quality Audio တွေ နဲ့ Online Game တွေကိုအထစ်အငေါ့မရှိ ပဲအသုံးပြုနိုင်မယ့် Killer Double Shot Pro (Killer Gb LAN + Killer 802.11 a/c WiFi) နှင့် XsplitGamecaster နည်းပညာတွေ ပါဝင်တာကြောင့် Game ဝါသနာပါသူများအတွက်သာမက စွမ်းဆောင်ရည်အမြင့်ဆုံးကို ကြိုက်နှစ်သက်ပြီးအသုံးပြုလိုသူများအတွက်ပါ လုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်။

Price – USD1850

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *