Mobile, News, Review

Acer Smart Phone Liquid Z200

new product acer Z200

IT လောကတွင်နေရာတစ်ခု ရရှိပိုင်ဆိုင်ထားသည့် နာမည်ကျော် Acer Brand မှာ Smart Phone လောကထဲကိုခြေဆန့်လာခဲ့တာ ခရီးအတော်ရောက်ခဲ့ပြီဖြစ်ပါသည်။ Branded Smart Phone တွေကိုမှစိတ်ဝင်စားတဲ့Customer များအတွက် Acer (Shwe Lamin Nagar Co.,Ltd) မှ အသစ်ထပ်မံတင်သွင်းလိုက်တဲ့ Acer Liquid Z200 Model အသစ်အား ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ နောက်ဆုံးပေါ် Android Version 4.4.2Kitkat အားအသုံးပြုပေးထားပြီး၊ ကမ္ဘာကျော် Media Tak မှ ထုတ်လုပ်ထားတဲ့ CPU Dual Core 1GHz Processor ကိုတပ်ဆင်အသုံးပြုပေးထားပါတယ်။ RAM အတွက် 512 MB ထည့်သွင်းပေးထားကာ Storage အတွက်ကိုတော့ 4GB ကို အသင့်အသုံးပြုနိုင်အောင် ကြိုးစားထားသည့်အပြင် Micro SD ကိုတော့ 32 GB အထိထပ်မံတိုးမြှင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းလှတဲ့မျက်နှာပြင် 4 လက်မအရွယ်ကလူကြီး၊ လူငယ်၊ ကျောင်းသား / သူ လူတန်းစားမရွေး အသုံးပြုနိုင်အောင်ထုတ်လုပ်ပေးထားပါတယ်။

Resolution ကို 800×480 အထိထောက်ပံ့ပေးထားပြီး Capacitive Touch မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ညက်ညောတဲ့ထိတွေ့မှု့ကို ခံစားရရှိမှာဖြစ်ပါသည်။ Camera အတွက် 2MP ရှိတဲ့Real Camera ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ထူးခြားချက်ကတော့ Acer Rapid Key ပါဝင်မှုကြောင့် Camera ကိုလျှင်မြန်စွာ ရှာဖွေနိုင်မှာဖြစ်သည့်အပြင်၊ ဖုန်းအဝင်ဖြေဆိုရာတွင် လည်းလွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 21Mbps HSPA (Dual SIM) ဖြစ်ပြီး လိုင်းဆွဲအားကောင်းမွန်ကာ 2G,3G Net Work အသုံးပြုနိုင်သည့်အပြင် ယခုခေတ်စားနေသော Ooredoo, MPT, Telenor SIM Card များဖြင့်လည်းတပ်ဆင်အသုံးပြုနိုင်ပါသည်။ အသံအရည်အသွေးကို အလေးထားသူတွေအတွက် ကမ္ဘာကျော် DTS Sound System ကိုအသုံးပြုထားတဲ့အတွက် အသံပိုင်းဆိုင်ရာအတွက် ကျေနပ်စေမှာဖြစ်ပါတယ်။ Wifi, Bluetooth, GPS System အစရှိသည့် Wirelesssystem များကလည်းအမြင့်ဆုံးထိ စွမ်းဆောင်နိုင်မှာဖြစ်သလို ကမ္ဘာကျော် Google Play Store မှာတရားဝင် Download လုပ်နိုင်မှာ ဖြစ်ပါတယ်။ Acer ၏နည်းပညာဖြစ်တဲ့ Acer Float ပါဝင်မှု ကြောင့် Application များကိုတပြိုင်တည်းနှစ်ခု အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းချိုသာပြီးအရည်အသွေးမြင့် Smart Phone တစ်လုံးကိုသင်ပိုင်ဆိုင်လိုပါသလား Acer Smart Phone Liquid Z200 ကိုသာရွေးချယ်လိုက်ပါ။

ဈေးနှုန်းမှာ- 68,000 Kyats

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *