News

Acerရဲ့ Aspire E1လည်း မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

Acerရဲ့ဈေးနှုန်းသင့်တင့်ပြီးသုံးစွဲရအဆင်ပြေစေမယ့် Notebook Model အမျိုးအစားသစ် တစ်မျိုးကို မိတ်ဆက်ပေး ပါရစေ။ Acerမှ E1 Seriesတွေကို ဆက်တိုက်ထုတ်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်မှာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Productsတွေကို သုံးစွဲသူများ အဆင်ပြေစေရန် အတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ယခု E1-431 modelဟာဆိုရင် အရင် E1-531 modelကို Screen Sizeချုံ့ ပြီး ထုတ်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Screen Sizeကို ရွေးချယ်ခွင့် ရရှိစေရန်ဖြစ်ပြီး ယခု E1-431 modelမှာဆိုရင် 3th Generation Intel Pentium Dual Core 2020M CPUကို အသုံးပြုထားပြီး Speed 2.4GHzအထိ ရရှိမှာဖြစ်ပါတယ်။

Memory 2GB ပါ၀င်ထားပြီး 4GBအထိ တိုးမြှင့် အသုံးပြု နိုင်ပါတယ်။ အချက်အလက်များ သိုလောင်ဖို့ 500GB HDDကို ထည့်သွင်းပေးထားမှု့ ကကျေနပ်စရာပါ။ မျက်နှာပြင် 14” ကို နာမည်ကျော် Acerရဲ့ HD Cinecrystal LED LCD မျက်နှာပြင်ကို အသုံးပြုထားကာ ရုပ်ထွက်အရည်အသွေးအတွက် Intelရဲ့ Graphic HD 3000 Seriesကို Onboardအနေနဲ့ ထည့်သွင်းပေးထားမှုကအားရစရာပါ။ Acerရဲ့ Nplify 802.11 a/g/n Wifiစနစ်နဲ့ USB 2.0, HDMI, GbLAN, Cardreader စနစ်တို့ကိုလဲ ထည့်သွင်းပေးထား ပါတယ်။ ရုပ်မြင်ဆက်သွယ်မှုအနေနဲ့ ရုပ်ထွက်ကောင်းမွန်မှုမှာ နာမည်ရနေတဲ့ Acer Crystal Eye HD Webcanပါ၀င်မှုက ကျေနပ်စရာပါ။ (၄) နာရီ နီးပါးအသုံးခံနိုင်တဲ့ 6 Cell Li-ion Battery ပါ၀င်မှုက သင့်အတွက် ပြီးပြည့်စုံမှု တစ်ခုအနေနဲ့ နှစ်သက်စေမှာပါ။ Carbon Fiber Bodyရဲ့ နက်မှောင်ပြောင်လက်နေတဲ့ မျက်နှာပြင်စွဲဆောင်မှုနဲ့ အတူရွေးချယ် ၀ယ်ယူချင်တယ်ဆိုရင်တော့ USD – 399ဖြင့် ရွေှလမင်းနဂါးကုမ္ပဏီမှ တင်သွင်းပြီး အာမခံသက်တမ်း (၂)နှစ်ပေးထားကာ မြန်မာပြည်အနှံ့ရှိ ကွန်ပျူတာဆိုင်များတွင် ရွေးချယ်၀ယ်ယူနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *