News

Acerရဲ့ အသုံး၀င်တဲ့ Projectorအသစ်

Acerမှ အစဉ်တစိုက် ၀ယ်ယူအားပေးသူများ အတွက် ရုံးသုံး၊ကျောင်းသုံး၊ လုပ်ငန်းသုံး အတွက်ပါ အဆင်ပြေစွာ အသုံးပြုနိုင်သည့် Projectorအသစ်တစ်မျိုး တင်သွင်းလိုက်ပါတယ်။ Resolution အနေဖြင့် Native SVGA (800 x 600)အထိ အသုံးပြုနိုင်ပြီး Maximum အနေဖြင့် UXGA (1,600 x 1,200), 1080P (1,920 x 1,080) အထိရရှိ နိုင်မည်ဖြစ်သည်။ Repect Ratio မှာ 4:3 (Native), 16:9 ရရှိနိုင်မည်ဖြစ်ပြီး Contrast Ratio မှာ 10,000 :1အထိ ကောင်းမွန်စွာ ရရှိနိုင်မည်ဖြစ်သည်။ Brightnessမှာ Standard Modeအနေနှင့် 2,700 ANSI Lumensနှင့် Eco Mode အနေဖြင့် 2,160 ANSI Lumensအထိရရှိနိုင်ပြီး Lamp Life အနေဖြင့် Standard Mode မှာ 5,000 Hours နှင့် Eco Mode မှာ 6,000 Hours ရရှိနိုင်ပြီးပိုပြီးကောင်းမွန်စွာအသုံးပြုနိုင်သော 7,000 Hours (Extreme Eco) အထိထပ်မံရရှိနိုင်ပါသည်။

Display Color အနေဖြင့်1.07 Billion Colors အထိရရှိနိုင်ပါသည်။ Internal Speaker 2W Output (၁)လုံးပါ၀င်မှုသည် X1140A၏ ထူးခြားချက်ထဲမှ တစ်ခုဖြစ်ပါတယ်။ Input Interfaceအနေဖြင့် Component Video (D-Sub) (2)ports, Composite Video (RCA) (1)Port ,S-Video (Mini DIN) (1)Port, PC Audio (Stereo Mini Jack) (1) Portနှင့် Output Interfaceအနေဖြင့် Analog RGB (D-Sub) (1)Port,PC Audio (Stereo mini jack) (1) Portပါ၀င်ပြီး Control Interface အနေဖြင့် USB (Mini-B) (1) Portသီးခြား ပါ၀င်ပါတယ်။DLP 3Dစနစ် ပါ၀င်သောကြောင့် ရုပ်ထွက်အနေဖြင့် ကောင်းမွန်ပြတ်သားသော ရုပ်ထွက်ကိုသင်ပိုင်ဆိုင်နိုင်မှာပါ။

Projectorများထဲတွင် ကောင်းစွာ စွမ်းဆောင်နိုင်သော စွမ်းရည်၊ သင့်တင့်သောဈေးနှုန်းများကြောင့် လက်မလွတ်သင့်သော Projectorအသစ်တစ်မျိုး ဖြစ်ပါတယ်။ ၀ယ်ယူအားပေးချင်သော Customer များအနေဖြင့် Acer (ရွေှလမင်းနဂါးကုမ္ပဏီ)၏ Dealer နှင့် Reseller ဆိုင်ကြီးများတွင် အာမခံသက်တမ်း ပစ္စည်းနှင့် လက်ခ အခမဲ့ (၁)နှစ် ဖြင့်၀ယ်ယူရရှိနိုင်ပါသည်။
ဈေးနှုန်း -454,500ကျပ်၀န်းကျင်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *