Telenor Group ၏ CEO နှင့် ဥက္ကဋ္ဌဖြစ်သူ Jon Fredrik Baksaasက ဈေးအသက်သာဆုံးနှင့် ရိုးရှင်းအလွယ်ကူဆုံး မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု၊ တစ်နည်းအားဖြင့် အာရှ ၅နိုင်ငံ ဖြတ်ကျော် ဆက်သွယ်မှုကို မြန်မာနိုင်ငံတွင် စတင် ဆောက်ရွက် လုပ်ကိုင် နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်တွင် သုံးစွဲသူပေါင်း သန်း၁၅၀ အခိုင်အမာ ရရှိထားတဲ့ နော်ဝေအခြေစိုက် Telenor ကုမ္ပဏီသည် ထိုင်း၊ အိနိ္ဒယ၊ ဘင်္ဂလားဒေရ့ှ်၊ မလေးရှားတို့တွင် ရင်းနှီးမြုပ်နှံမှု ကြီးမားစွာ လုပ်ကိုင်လျှက်ရှိပြီး ယခုဆိုရင်တော့ မြန်မာနိုင်ငံထဲသို ့နိုင်ငံခြားအော်ပရေတာ တစ်ခုအနေနှင့် တင်ဒါအောင်မြင်ကာ ချင်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။
Telenor ရဲ့အာရှ ဈေးကွက် သမိုင်းတစ်ကွေ့ကို ပြန်လည် ကြည့်ရမယ် ဆိုရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ Telenor အတွက်တော့ ဘင်္ဂလားဒေရ့ှ်နိုင်ငံဟာ သူ့ရဲ့ ပထမဦးဆုံး ရွေးချယ်ခဲ့တဲ့ အာရှနိုင်ငံဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် ဘင်္ဂလားဒေရ့ှ်၌ Grameenphone အမည်ဖြင့် အာရှ နည်းပညာဈေးကွက်သို့ စတင်ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် DTAC အမည်ဖြင့် ဈေးကွက်ဝင်ရောက်ခဲ့ပြီး အသုံးပြုသူပေါင်း ၂၃သန်းအထိ ရှိလာကာ ထိုင်းနိုင်ငံ၏ မိုဘိုင်းလ် အော်ပရေတာများထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ အိနိ္ဒယမှာတော့ Uninor အမည်ဖြင့် ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင် မိုဘိုင်းလ် ဝန်ဆောင်မှုကို စတင်ခဲ့ပြီး အိနိ္ဒယမှာ ရာနှုန်းပြည့်နီးပါး အသုံးပြုနိုင်အောင် ဝန်ဆောင်မှု ပေးလျှက် ရှိပါတယ်။ မလေးရှားနိုင်ငံမှာတော့ Telenorဟာ DiGi Telecommunication’s ရှယ်ယာ၏ ၄၉ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး မလေးရှားရဲ့ တတိယအကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္ပဏီအဖြစ် ရပ်တည်လျှက် ရှိပါတယ်။
အဆိုပါမြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများမှာ အရှိန်အဟုန်ဖြင့် အောင်မြင်လျှက်ရှိသော Telenor ကုမ္ပဏီ အရွေးခံရတာဆိုတာက နည်းပညာနယ်ပယ်အတွက်တော့ အထူးအဆန်းတစ်ခုဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်ချိန်ကျရင် ထုတ်ပြန်လာမည့် အစိုးရရဲ့ ဆက်သွယ်ရေးဥပဒေ အပေါ် Telenor ဘယ်လိုတုန့်ပြန်ဆောင်ရွက်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 
		
		 
						
					 
						 
						 
						 
						 
						 
						 
						 
						
ဆက်သွယ်ရေးတွေကိုဘယ်လိုကောင်းအောင်လုပ်ပေးမလဲ
စောင့်ကြည့်ရမှာပေါ့
ဆက်သွယ်ရေးတွေအစဉ်ပြေရင်တော့ကောင်းပါတယ်
သိရသလောက်ပြောရရင် မလေးရှားမှာ DIGI ဟာ ရောင်းအားကောင်းမွန်ပြီး Customers များအတွက် မက်လောက်သော Bonus များပေးလေ့ရှိပါတယ်။ဒီလို မျိုး ရှိနေတဲ့ Telecom မှာTelenorက ရာခိုင်နှုန်း 49 % ရှိတယ်ဆိုတော့ မြန်မာပြည်မှာလည်း ကောင်းမွန်တဲ့ဆက်သွယ်ရေးတစ်ခုဖြစ်လာနိုင်လိမ့်မယ်လို့ တွေးထင်မိပါတယ်။
ဆက်သွယ်ရေးဥပဒေ မထုတ်ပြန်ရသေးဘဲ တင်ဒါခေါ်လိုက်
တဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ဆောင်မှုကိုတော့ လေးစားသွားဘီ