News

ရာထူး ၁၄၀ ကျော် တယ်လီနောဝန်ထမ်းခေါ်

ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ဆောင်ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့် ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

တယ်လီနောမြန်မာကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ရုံး၊ Corporate Affairs၊ ဘဏ္႑ာရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော ရာထူးနေရာ ၁၄၆ နေရာအတွက် ဝန်ထမ်း လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း ဖြစ်သည်။

“ဒီနေ့စခေါ်တာပါ။ ရာထူးက တစ်ရာကျော်ရှိတယ်။ အရင်က ၂၇ နေရာပဲ ခေါ်ထားတာ။ အခုရာထူး အရေအတွက် ထပ်တိုးခေါ်တာ” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တယ်လီနောမြန်မာတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားလိုသူများမှာ ဒီနေရာ တွင် လေ့လာနိုင်ပြီး ကိုယ်ရေးအချက်အလက်များကို [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

“တယ်လီနောက လူခေါ်မယ်ဆိုကတည်းက စိတ်ဝင်စားနေတာ။ ပထမ တစ်ခေါက်ခေါ်တုန်းက ထိပ်ပိုင်းရာထူးတွေဆိုတော့ မလျှောက်ဖြစ်ဘူး။ ဒီတစ်ခါတော့ Marketing ဘက်မှာ လျှောက်မယ်” ဟု ပြည်တွင်း အီလက်ထရွန်နစ်ကုမ္ပဏီ တစ်ခုတွင် လုပ်သက်လေးနှစ်ရှိ Marketing Executiveဒေါ်ဟေမာန်က ဆိုသည်။ တယ်လီနော မြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် စုစုပေါင်း သုံးထောင်ခန့် ခေါ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း ကြေညာထားပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *