Gadgets

Philipsရဲ့ Soundbarအသစ် HTL9100

Philipsရဲ့ နောက်ဆုံးထုတ် Soundbarအသစ်ဖြစ်တဲ့ HTL9100မော်ဒယ်ကို မနေ့က မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ Soundbarဟာ Speakerတွဲလျက် ပါရှိမှာ ဖြစ်ပြီး ဈေးနှုန်းက ၁,၀၇၇ဒေါ်လာနဲ့ ဖြန့်ချိလျက် ရှိတာ တွေ့ရပါတယ်။ Voltronရဲ့ ဒီဇိုင်း အတိုင်း ယခု Soundbarဟာ ကြိုးမဲ့ ချိတ်ဆက်သုံးစွဲနို်င်မယ့် Speakerနှစ်လုံး ပါ၀င်ကာ Surround(ပတ်လည်)စနစ် အသံတွေကို အကောင်းဆုံး ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Battery Lifeအပိုင်းမှာလည်း ၁၀ နာရီကျော်သည် တိုင်အောင် သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် ကောင်းမွန်တာ တွေ့နိုင်ပြီး ပြန်လည် အားသွင်းကာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Versionစနစ်မှာ 5.1ဖြစ်ပြီး Bluetoothဖြင့် ဖြစ်စေ HDMIဖြင့် ဖြစ်စေ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့ Subwooferနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် စိတ်ကြိုက် အသုံးချိနိုင်မယ့် Soundbarကောင်း တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ဈေးကွက် အပြိုင် Vizioရဲ့ Soundbarနှင့် Sonosရဲ့ Playbarတွေထက် ဒေါ်လာ တစ်ရာလောက် ဈေးသက်သာ တာကြောင့် သင့်တင့် ကောင်းမွန်တဲ့ Soundbarဖြစ်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *