News

Telenor မှ မြန်မာ့ဆက်သွယ်ရေး ရည်မှန်းချက်များကို ထူးခြားသော အစီအစဉ်များဖြင့် ထောက်ပံ့ပေးသွားမည်ဟုဆို

Telenor

မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာများကို ဖံွ့ဖြိုးတိုးတက် စေရန်အတွက် ပြည်ထောင်စုကြီး၏ နယ်မြေအစိတ်အပိုင်းများအား အကြားအလပ်မရှိ ဖံွ့ဖြိုးတိုးတက်လာစေရန် အတွက် ဒေသကြီး ၂၄ခု စီမံကိန်း ကျေးလက်ဒေသဖံွ့ဖြိုးရေး စီမံကိန်း၊ နယ်စပ်ဒေသ ဖွ့ံဖြိုးရေး စီမံကိန်းများနှင့် အခြား ဖံွ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာနိုင်ငံရှိ Mobile အသုံးပြုသူ ဦးရေ ၇၅ ရာခိုင်နှုန်းနှင့် ဖုန်းနှင့် အင်တာနက် အသုံးပြုနိုင်သည့် ဝန်ဆောင်မှု ၅၀ရာခိုင်နှုန်းအထိ သုံးစွဲနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ရည်မှန်းထားကြောင်း သိရသည်။ အဆိုပါ ရည်မှန်းချက်များနှင့် လုပ်ကိုင်မှုများ စတင် ဆောင်ရွက်နေရာတွင် တင်ဒါခေါ်ယူမှုများ ပြုလုပ်ရန် ရှိနေသည်။

Mobile လုပ်ငန်းများကို ၁၆နှစ်ကျော် လုပ်ကိုင်ခဲ့သော Telenor Groupမှ မြန်မာပြည်သူများ ၏ Mobileနှင့် ပြည်သူများ အကြား ကိုက်ညီလိုအပ်သော
ခေတ်မီဆက်သွယ်ရေးအတွက် ထောက်အပံ့ရေးလုပ်ငန်းများကို ထူထောင်လျက်ရှိကြောင်း သိရသည်။“ဥပမာတစ်ခု ပေးရမည်ဆိုလျှင် ကျွန်တော်တို့မှ ဖံွ့ဖြိုးရေး ဈေးကွက်များ မှ Mobile Operator များကို စတင် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်များ ရှိပါတယ်။ Telenor သာ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်တင်ဒါ အောင်မည်ဆိုပါက ကျွန်တော်တို့ ရဲ ့အသိပညာ နှင့် အတွေ့အကြုံများကို အသုံးချပြီး မြန်မာပြည်သူတွေရဲ့ လိုအပ်တဲ့ ဈေးနှုန်းသင့်လျော်ပြီး အရည်အသွေး မြင့်မားသော Mobile ဆက်သွယ်ရေးကို မြန်မာပြည်သူတွေ လက်ထဲကို ထည့်ပေးနိုင်မှာ ဖြစ်တယ်”ဟု အာရှဒေသလုပ်ငန်းများဆိုင်ရာ အကြီးအကဲ Mr. Sigve Brekkeမှ ပြောကြားခဲ့သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *