နည်းပညာကုမ္ပဏီကြီး Samsungအနေနဲ့ ၎င်းတို့ရဲ့ SmartWatchအသစ် ဖြစ်တဲ့ Galaxy Gearကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မကြာခင် ကျင်းပမယ့် IFA Trade Showမတိုင်မီ စက်တင်ဘာ ၄ရက်နေ့မှာ ပွဲထုတ်ပြသမယ်လို့ သတင်းရရှိပါတယ်။ Samsungရဲ့ မိုဘိုင်းဖုန်းကဏ္႑မှာ Vice Presidentဖြစ်တဲ့ Lee Young-heeက အဆိုပါနေ့ရက်နဲ့ SmartWatchရဲ့ အသေးစိတ် အချက်အလက်အချို့ကို ကိုရီးယား အင်တာဗျူးတစ်ခုမှာ အတည်ပြု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွနု်ပ်တို့ဟာ Galaxy Gearလို့ အမည်ပေးထားတဲ့ SmartWatchနာရီ အသစ်တစ်မျိုးကို စက်တင်ဘာ ၄ရက်နေ့ ဘာလင်မှာ ကျင်းပမယ့် Samsungပွဲမှာ မိတ်ဆက်ပြသမှာ ဖြစ်ပြီးတော့ အဲဒီနာရီဟာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်ပါ၀င်မှာ မဟုတ်ပါဘူး။ ကျွနု်ပ်တို့ အနေနဲ့ ဒီGalaxy Gearဟာ မိုဘိုင်းထုတ်ကုန်တွေ အတွက် အဓိပ္ပါယ်ရှိတဲ့ အရှိန်အဟုန်တစ်ခုကို ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်”လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
Samsungရဲ့ VP(Vice President)ဖြစ်တဲ့ Lee Young-heeအနေနဲ့ ဘာလင်မှာ ကျင်းပမယ့် IFA Trade Showပြပွဲမှာ Galaxy Note 3စမတ်ဖုန်း အသစ်ကိုလည်း ပွဲထုတ်ပြသမယ်လို့ အတည်ပြုပြောကြားခဲ့ပြီး အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သက်လို့တော့ အသေးစိတ် တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပါဘူး။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော Samsungရဲ့ မကြာမီထွက်ရှိလာမယ့် စိတ်၀င်စားဖွယ် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ?