Automobile

Mercedes-Benz CLS 350

ရင်သပ်ရှုမောဖွယ် ကိုယ်ထည်နဲ့ အံ့မခန်းစွမ်းရည်တွေကို ပေါင်းစပ်ဖန်းတီးထားတာကတော့ Mercedes-Benz CLSပဲ ဖြစ်ပါတယ်။ Coupe ပုံစံ CLSဟာဆိုရင် တံခါး ၄ ပေါက် ပါဝင်ပြီး မြင်တာနဲ့ ဝင်ရောက် စီးနင်းလိုစိတ်၊ မောင်းလိုစိတ် ဖြစ်လောက်အောင်ကို ဒီဇိုင်းက လှပသေသပ်ပါတယ်။ ဒါ့အပြင် ၄င်းရဲ့ ရှေ့မီးသီးများနဲ့ နောက်ကြည့်မှန်တွေမှာ အသုံးပြုထားတဲ့ မီးသီးတွေ LEDတွေ ဖြစ်နေတာကလည်း ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ အတွင်းပိုင်း အခန်းထဲမှာဆိုရင်လည်း အကောင်းဆုံး Leatherများကိုသာ အသုံးပြုထားပါတယ်။

Mercedes-Benzတွေမှာ နောက်ပိုင်း ပါဝင်လာတဲ့ နည်းပညာကတော့ BlueEFFICIENCY ဖြစ်ပါတယ်။ သူက ဘာလုပ်လဲဆိုတော့ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး ECO start/stop functionကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ အသုံးပြုထားတဲ့ အင်ဂျင်အမျိုးအစားကတော့ ဓါတ်ဆီစား သက်သာစေနိုင်တဲ့ turbocharger ပါဝင်ပြီး အသံဆူညံမှုကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင် V6  အင်ဂျင်အမျိုးအစား ဖြစ်ပါတယ်။ ဒီဇယ်အသုံးပြုရတဲ့ V6 engineရဲ့ CCကတော့ 3498 CC ဖြစ်ပါတယ်။ 0 to 100 km/hအနေနဲ့ ပြောမယ်ဆိုရင်တော့ ၆.၄ စက္ကန့် ရှိပါတယ်။ ဆိုလိုတာကတော့ ကားကို ကားမောင်းရာကနေ ရပ်လိုက်ပြီးနောက် လီဗာကို အဆုံးထိနင်းပြီး ပြန်နှိုးမယ်ဆိုရင် 100km ရောက်ဖို့ကို ၆.၄ စက္ကန့်ပဲ စောင့်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ၄င်းရဲ့ Top Speedကတော့ ၁ နာရီကို ၂၅၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

ကားအတွင်းပိုင်း ပါဝင်မှုများအနေနဲ့ကတော့ 17.8 cmရှိတဲ့ Display တစ်ခု ပါဝင်မှာဖြစ်ပြီး USBနှင့် ချိတ်ဆက်နိုင်မှု၊ SD memory cardဖြင့် အသုံးပြုနိုင်သော DVD ၆ ချပ် ထည့်သွင်းအသုံးပြုနိုင်တ့ဲ DVD Changer ပါဝင်ပါတယ်။ အသံစနစ်ကိုတော့ Harman Kardon Logic 7ကို အသုံးပြုထားပြီး speaker ၁၄လုံး ပါဝင်တယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ အဆိုပါ speakerတွေကလည်း 5.1 Dolby Digital sound systemကို အထောက်အပံ့ ပေးထားသေးပြန်ပါသေးတယ်။

နောက်ထပ် ထူးထူးခြားခြားပါဝင်တာကတော့ Speed Limit Systemနဲ့ Parking Assistပဲ ဖြစ်ပါတယ်။ Speed Limit Assistဟာဆိုရင် ကားအတွင်းပါဝင်တဲ့ ကင်မရာဟာ လမ်းတွင် ပြသထားတဲ့ Speed Limitတွေကို မှတ်သားထားပြီး ထိုလမ်းတွင် ထို Speedနှင့်သာ မောင်းနှင်ရန် ကန့်သတ်မည့်အချက်ပဲ ဖြစ်ပါတယ်။ ထို့ပြင် ဒီ systemဟာ နေရာတိုင်း၏ Speed Limit dataများကို မှတ်သားထားနိုင်သည့်အတွက် တစ်နေရာနှင့် တစ်နေရာ Speed Limit အပြောင်းအလဲကို နှိုင်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။

PARKTRONICလို့ခေါ်တဲ့ parking assistကတော့ ကားတိုင်းမှာ မပါဝင်ပေမယ့် ၄င်းရဲ့ အလုပ်လုပ်ပုံက စိတ်ဝင်စားစရာပါ။ Mercedes-Benzရဲ့ စီစဉ်ထားပုံက အဆိုပါစနစ် ပါရှိတယ်ဆိုရင် မောင်းနှင်သူဟာ ပါကင် ထိုးဖို့အတွက် ခေါင်းစားစရာ မလိုပဲ ကားမှ သတ်မှတ်ပေးမည့် ပါကင်နေရာ အကျယ်အဝန်းနှင့် အလိုအလျောက် ပါကင်ထိုးမည့် ခွင့်ပြုချက်ကို အတည်ပြုပေးရုံပါပဲ။ အတည်ပြုပေးပြီးပြီဆိုရင်တော့ ထို Systemက သင့်ရဲ့ စတီယာတိုင်ကို အလိုအလျောက် ထိန်းချုပ်ကာ ပါကင်ထိုးသွားပါလိမ့်မယ်။ Mercedes-Benzရဲ့ ကြောငြာချက်အရ ၄င်းတို့အနေနဲ့ PARKTRONIC အသုံးပြုနိုင်ခြင်းဟာ Bumperတွင် ultrasonic sensor ၁၀ခု တပ်ဆင်ထားခြင်းကြောင့်နှင့် ဘေးဘက်တွင် နောက်ထပ် ၄ ခု တပ်ဆင်ထားခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ၄င်းတို့ဟာ ပါကင်ထိုးနိုင်မည့် နေရာလွတ်ကို တွက်ချက်ပေးနိုင်ပါတယ်။

Mercedes-Benz CLS 350မှာပါဝင်တဲ့ blueEFFICIENCYရဲ့ ထူးခြားချက်ကတော့ ၄င်းရဲ့ V6 engineက ၁ ဂါလံကို ၃၅ မိုင်အထိ စွမ်းဆောင်နိုင်ပါတယ်။ ထို့နောက် ယခု Mercedes-Benz CLS 350ဟာ ၂၀၁၂တွင်မှ ပုံစံအသစ် ထုတ်လုပ်သော ကားဖြစ်ပြီး Mercedes၏ ထုံးစံအတိုင်း နောက်ထပ် ၇ နှစ်အထိ ပုံစံပြောင်း ထုတ်လုပ်မှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ Mercedes-Benz CLS 350ဟာ ပြည်တွင်းမှာ ခေတ်စားလာတဲ့ စွမ်းအားမြင့်ကားအမျိုးအစားတစ်ခုဖြစ်ပြီး လမ်းအနေအထားများနဲ့လည်း သင့်တော်စွာ မောင်းနိုင်တယ်လို့ သိရပါတယ်။ တန်ဖိုးအနေနဲ့ကတော့ CIF USD ၁ သိန်း ရှိပြီး စိတ်ဝင်စားကာ မှာယူချင်သူများအနေနဲ့ကတော့ Golden Dragon Trading (ဖုန်း ၀၉ ၇၃၂ ၅၄၃ ၅၅)တွင် မှာယူနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *