How-to

Android Applicationတွေကို သင့်ကွန်ပျူတာမှာ Runပေးမယ့် Windroy

Android Applicationတွေကို ကွန်ပျူတာမှာ Runပေးနိုင်တဲ့ BlueStacks, YouWaveတို့ကို သိကြမှာပါ။ BlueStacksကို Beta Versiionထဲက ကျွန်တော် အသုံးပြုလာတာပါ။ ဒါပေမယ့် VirtualBoxလို ဆော့ဝဲနဲ့BlueStacks, YouWaveတို့က Compatibleမဖြစ်ပါဘူး။ VirtualBoxကို အင်စတောလုပ်ပြီးတဲ့ အချိန်ကစပြီး BlueStacks, YouWave နှစ်ခုစလုံးက ကျွန်တော့်စက်မှာ အလုပ် မလုပ်တော့ပါဘူး။ အခုတော့ Windroyဆိုတဲ့ Softwareတစ်ခု တွေ့ပြီး စမ်းသုံးကြည့်တာ အဆင်ပြေတဲ့အတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။

Download Windroy

Windroyကို Windows 8မှာစမ်းသုံးကြည့်တာဖြစ်ပြီး Windows Vista, 7တို့မှာလည်း သုံးနိုင်ပါတယ်။ ဖိုင်ဆိုက်က 80 mb၀န်းကျင်ရှိပြီး www.socketeq.com မှာ အခမဲ့ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Windroyကို Runရင် Command Promptလို ၀င်းဒိုးတစ်ခု ပေါ်လာပြီး Emulator Window တစ်ခုလည်း ထပ်ပေါ်လာပါမယ်။ Command Prompt၀င်းဒိုးကတော့ Emulatorအလုပ် လုပ်နေတာကို Logအနေနဲ့ ဖော်ပြပေးနေမှာပါ။

BlueStacks, YouWaveတို့နဲ့ မတူတဲ့အချက်က Windroyက Full Screen Modeနဲ ့ အသုံးပြုနိုင်တာဖြစ်ပြီး အပေါ်က ပုံအတိုင်း Lock Screenကို အရင်ဆုံး မြင်တွေ့နိုင်ပါတယ်။ Windroyရဲ့ Key Featureအချို့ကတော့

•    Windows Vista, Windows 7, and Windows 8တို့မှာကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။
•    Flash Integration ဖြစ်ပါတယ်။
•    UI resolutionတွေကိုလည်း ချိန်ညှိလို့ ရပါတယ်။
•    Full-Screen Mode သုံးနိုင်ပါတယ်။
•    Mouse, Keyboardတို့လို  Input, Output Deviceတွေနဲ့ အလုပ်လုပ်ပါတယ်။

Windowed Mode အသုံးပြုခြင်း

Windroyကို Runရင် Full-Screen Modeနဲ့ အသုံးပြုရမှာဖြစ်ပြီး Windowed Modeနဲ့ အသုံးပြုချင်ရင် Environment Variableသတ်မှတ် ပေးရမှာပါ။ အဲလို လုပ်ဖို့ My Computerပေါ်မှာ Right Click နှိပ်ပြီး Properties>Advanced system settingsကို နှိပ်ပါ။ Advanced tabက Environment Variablesကို နှိပ်ပါ။ User variablesမှာ Newကိုနှိပ်ပြီး အောက်ကပုံမှာလို Variable name, Variable value ဖြည့်ပေးပြီး OK နှိပ်ပြီး  System Propertiesကနေ ထွက်ပါ။ ဒါဆိုရင် Windroyကို Windowed Modeနဲ့ သုံးနိုင်ပါပြီ။


Installing Apps
Appတွေကို အင်စတောလုပ်ဖို့ C:\Windroy\Windroy_root\System\App အောက်မှာ.apk ဖိုင်တွေကို ကူးပြီး အင်စတော လုပ်နိုင်ပါတယ်။ Windroyက Android Version 4.03ဖြစ်တဲ့အတွက် Apps တော်တော်များများကို အသုံးပြုနိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *