How-to

YouTubeကို မထစ်ဘဲ ကြည့်မယ်

ကွန်နက်ရှင် မကောင်းတဲ့သူတွေအတွက် YouTubeကို ကြည့်ရင် Pause လုပ်ထားပြီး Video တစ်ခုလုံးကို  Preloadလုပ်ပြီးတော့မှ ကြည့်ရင် မထစ်ဘဲ ကြည့်နိုင် ပါတယ်။ ဒါကအရင်တုန်းက သုံးလို့ ရတဲ့နည်းပါ။ အဲဒီနည်းကို အခုအသုံးပြုလို့ မရတော့ပါဘူး။ ဘာလို့လဲဆိုရင် YouTubeက အတိုကောက်အားဖြင့် DASHလို့ ခေါ်တဲ့ Dynamic Adaptive Streaming over HTTPကို ပြောင်းလဲ အသုံးပြုလိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ DASHကို Disableလုပ်လို့ ရတဲ့နည်းကတော့ YouTube Centerဆိုတဲ့ Browser Extensionကို အသုံးပြုရမှာပါ။ YouTube Centerကို Firefox, Chrome, Opera, Safari, Maxthonစတဲ့ Browserတွေမှာ သုံးနိုင်ပါတယ်။

YouTube Centerကို သက်ဆိုင်ရာ Browserမှာ အင်စတောလုပ်ပြီးရင် YouTubeကို Login ၀င်ပါ။ သင့်အကောင့်ပုံဘေးမှာ Gear Iconကို တွေ့မြင်နိုင်ပြီး Gear Iconကိုနှိပ်ပါ။ YouTube Center Settings ပေါ်လာရင် Player အောက်က Dash Playbackကို Uncheck လုပ်ပါ။ ဒါဆိုရင် အရင်နည်းအတိုင်း YouTubeကို မထစ်ဘဲ ကြည့်နိုင်ပါပြီ။

YouTube Centerကို Official Websiteကနေတစ်ဆင့် သက်ဆိုင်ရာ Browserတွေမှာ အင်စတော လုပ်နိုင်ပါတယ်။ Chrome Web Storeမှာ YouTube Center မရှိတဲ့အတွက် Chrome User တွေအတွက်တော့ YouTube Centerရဲ့ Extensionဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး  Extension Page ထဲကို Drag and Drop လုပ်ပြီး   Manual Install လုပ်ရမှာပါ။ Extension Pageမှာ Developer Modeကို Onထားရပါမယ်။

Download YouTube Center

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *