Apps

Slide Launcher App ကိုသုံးပြီး Android ဖုန်းမှာ ရှိတဲ့ Apps တွေကို လျှင်မြန်စွာ ဖွင့်ကြမယ်

Android ဖုန်းတွေ မှာ ကျွန်တော်တို့ဟာ Recent Apps Button ကို အသုံးပြုပြီး မကြာသေးမီက သုံးဆွဲထားတဲ့ Applications တွေကို လျှင်လျှင်မြန်မြန် ရှာဖွေသုံးဆွဲ နိုင်ပါတယ် ။ ဒီလိုဆို ကျွန်တော်တို့ဟာ App တစ်ခုကို သုံးရင်းနဲ့ နောက်ထပ် အသုံးမပြုရသေးတဲ့ App တစ်ခုကို သုံးချင်တယ်ဆိုရင် Recent Apps Button ကို အသုံးပြုပြီး ရှာဖွေလို့ မရနိုင်ပါဘူး ။ Home Screen ကိုပြန်ထွက်ရမယ် ပြီးမှ ကို ဖွင့်ချင်တဲ့ App ကို ရှာဖွေ ပြီး ဖွင့်ရမှာ ဖြစ်ပါတယ် ။ ဒီလို အချိန်ကုန်မှု တွေ ၊ အလုပ်ရှုပ်မှု ပြဿနာတွေကို ဒီ Side Launcher App လေးကို သုံးပြီး ဖြေရှင်းလိုက်ပါ ။

Slide Launcher App ဟာ သင့်ရဲ့ Recent Apps တွေ ၊ Favorite Apps တွေ ၊ Contacts တွေအပြင် သင်ဖန်တီး ထားတဲ့ Shortcuts တွေကိုပါ လျှင်လျှင်မြန်မြန်နဲ့ သုံးဆွဲ နိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သင့် ဖုန်းရဲ့ Background မှာ Run နေတာမျိုး မဟုတ်ဘဲနဲ့ Shortcut Key တစ်ခုအနေနဲ့ Blind ဖြစ်နေမှာပါ ။ ဒါကြောင့် သူဟာ Shortcut Key ကို Run မှ စတင် Launch လုပ်မှာဖြစ်တဲ့အတွက်ကြောင့် သင့်ဖုန်းရဲ့ RAM နဲ့ Battery Usage ကို သက်သာစေမှာပါ ။

အသုံးပြုပုံကတော့ လွယ်ကူပါတယ်

1. Slide Launcher ကို Play Store ကနေ Install လုပ်လိုက်ပါ ။
2. Install လုပ်ပြီးတာနဲ့ App ကို Run လိုက်တာနဲ့ အောက်ပါအတိုင်း Quick Tour လုပ်ဖို့ ပေါ်လာပါလိမ့်မယ် ။

slide-launcher-quick-tour

3. Slide Launcher ရဲ့ Screen ကိုပြန်သွားပါ ။ ညာဘက်ထောင့် အပေါ်ဆုံးမှာရှိတဲ့ (3 Vertical Dots) အစက်သုံးစက် ကို နှိပ်ပါ ။ ပြီးတာနဲ့ အောက်ပုံ အတိုင်း Pencil Icon နဲ့ Setting Icon ကိုတွေ့ပါလိမ့်မယ်။ Application တွေ၊ Contacts တွေ ၊ Shortcuts တွေကို ထည့်သွင်းချင်ရင်တော့ Pencil Icon ကိုဆက်နှိပ်ပါ ။ Setting ထဲကို ၀င်ချင်တယ်ဆိုရင်တော့ Setting Icon ကိုနှိပ်ပါ ။

slide-launcher-main-screen

Pencil Icon ကို နှိပ်လိုက်တာနဲ့ အောက်ပါအတိုင်း Application တွေ၊ Contacts တွေ ၊ Shortcuts တွေကို ထည့်သွင်း အသုံးပြုလို့ ရပါပြီ။

slide-launcher-create-new-target

Contacts တွေကိုထည့်သွင်းတဲ့ အခါမှာလည်း အောက်ပါအတိုင်း Contact Details ၊ Direct Message ၊ Direct Call စသည့်အားဖြင့် ရွေးချယ် အသုံးပြုနိုင်ပါတယ်။

slide-launcher-add-contact

ဒီပုံကတော့ သင့်ရဲ့ Apps တွေ ၊ Shortcuts တွေကို ထည့်သွင်းပြီးရင် မြင်ရမဲ့ ပုံစံ ဖြစ်ပါတယ် ။

slide-launcher-apps-screen

Slide Launcher Setting

Slide launcher ရဲ့ Setting မှာ သူရဲ့ Launcher Layout ၊ Frame နဲ့ Behavior စတာတွေကို ပြင်လို့ရပါတယ်။ Default Layout ကတော့ “Circle” ဖြစ်ပါတယ် ။ တစ်ခြားသော စတိုင်တွေ ဖြစ်တဲ့ Arc ၊ Hide ၊ Grid ၊ A vertical bar စသည်ဖြင့် ပုံပါအတိုင်း ပြောင်းလဲအသုံးပြုနိုင်ပါတယ် ။ အဲလို Layout တစ်ခုဆီကို ပြောင်းလဲအသုံးပြုတိုင်းမှာလည်း Target ရဲ့ Size နဲ့ Spacing ကို သင့်လျော်သလို ပြောင်းလဲ အသုံးပြုနိုင်ပါတယ် ။

slide-launcher-layout-style

Look Section မှာတော့ Icon တွေရဲ့ Theme နဲ့ Launcher ရဲ့ Background ကိုပြောင်းလဲ အသုံးပြုနိုင် ပါတယ် ။ ဒီ App ကို အသုံးပြုချင်းဖြင့် မိမိ ဖုန်းရဲ့ Home Screen ကို ရှင်းလင်းအောင် ထားနိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *