News

အင်တာနက် မီဒီယာ တွေကို တီဗီမှာ ကြည့်နိုင်မယ့် Amazon ရဲ့ Set-Top Box ကို မတ်လတွင် ရောင်းမည်

Amazon က အင်တာနက် မီဒီယာ တွေကို တီဗီမှာကြည့်နိုင်မယ့် Set-Top Box ကို ၂၀၁၃ ခုနှစ် ဈေး၀ယ်ရာသီမှာ ရောင်းချဖို့ ရည်ရွယ်ထားပေမယ့် အခုထက်ထိရောင်းချနိုင်ခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာနေခဲ့ပါတယ်။ Amazon က Set-Top Box ကို မတ်လမှာ ရောင်းချပေးမယ်လို့ အင်တာနက် သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ Amazon ရဲ့ Set-Top Box ဟာ Apple TV , Roku , Google Chromecast တို့ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မီဒီယာ မျိုးစုံ ကို ထုတ်လွှင့်ပေးနိုင်တဲ့ Apps ပေါင်းများစွာ ပါရှိမယ်လို့ သိရပါတယ်။

Amazon ရဲ့ Set-Top Box ဟာ Android ကို အသုံးပြုမယ်လို့သိရပါတယ်။ Amazon ရဲ့ Kindle Tablets မှာ လိုပဲ Android OS ကို ပြုပြင်ထားမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်း ကိုတော့မသိရသေးပေမယ့် Apple TV, Roku, Google Chromecast တို့ရဲ့ဈေးနှုန်း ဟာ ဒေါ်လာတစ်ရာ အောက်မှာသာရှိတဲ့အတွက် Amazon ရဲ့ Set-Top Box ဟာလည်း ဒေါ်လာ တစ်ရာ အောက်မှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ Apple TV, Roku, Google Chromecast တို့ကို နှိုင်းယှဉ် သုံးသပ်ရေးသားပေးထားတဲ့ ဆောင်းပါး ကိုလည်း မြန်မာအိုင်စီတီ ပရိသတ်ကြီး အောက်က လင့် မှာ ဖတ်ရှုနိုင်ပါတယ်။

/reviews/chromecast-vs-apple-tv-vs-roku-3-%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%80%80%E1%80%AD%E1%80%AF%E1%80%94%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%BE%E1%80%89%E1%80%BA/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts