လုပ်ငန်းသုံးယာဉ်များကို အများအားဖြင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် ဒါမှမဟုတ် ခရီးသွား ပြည်သူများအား ပို့ဆောင်ပေးနေသည့် ယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြပါတယ်။ ယဉ်၏တည်ဆောက်ပုံကို လည်း အကြမ်းခံသော ဒီဇိုင်းများဖြင့် တည်ဆောက်ထားသည့်အပြင် ပုံမှန်အားဖြင့် ရေရှည်ခံသော တန်ဆာပလာ များဖြစ်ပါ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်၊ အထူးသဖြင့် ကိုးရောက်ထက်ပို၍ စီးနင်းနိုင်သော ယာဉ်၏အကျယ် အဝန်း၊ လုံလောက်စွာအသုံးပြုနိုင်သည့် လောင်စာဆီကန် တို့ဖြစ်ပါတယ်။ လုပ်ငန်းသုံးယာဉ်လို့ဆိုတဲ့ နေရာမှာ ပါဝင်တဲ့ ယာဉ်အမျိုးအစားက အများကြီးရှိပါတယ်။ အဓိကအားဖြင့် ထရက်ကား၊ လော်ရီကား၊ ဗင်၊ ခရီးဝေး ဘတ်စ်ကား၊ မြို့တွင်းသုံးဘတ်စ်ကား၊ တက္ကဆီ၊ ထရော်လာ၊ ဘောက်စ်ထရက်၊ လုပ်ငန်းသုံးယာဉ် အစရှိတဲ့ ကားတွေ ဖြစ်ပါတယ်။ အကယ်၍ ကျေးလက်ဒေသမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက်ဆိုရင်တော့ ထော်လာဂျစ်၊ ထွေလာဂျစ် လို့ခေါ်တယ် ယာဉ်များကအသုံးများပြီး တရုတ်ပြည်က အဝင်၊ ထိုင်းနိုင်ငံ အဝင်နဲ့ မြန်မာပြည်တွင်း ထုတ်ထရော်လာ ကားမျိုးစုံရှိပါတယ်။ Motors.com.mm မှာ ဖော်ပြထားသည့် စီးပွါးရေး လုပ်ငန်းမျိုးစုံအတွက် များစွာအထောက်အကူပြုပြီး အမျိုးအစားစုံလင်သော လုပ်ငန်းသုံးယာဉ်များကို တင်ပြပေးလိုက်ပါတယ်…
ထရက်ကား – ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အဓိကထား အသုံးပြုတဲ့ ထရက်ကားများကို နယ်မြို့ တွေမှာ အများဆုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်တစ်ဝန်း ကုန်ပစ္စည်းမျိုးစုံ သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ် အသုံးပြုနေကြပြီး လိုင်စင်ဝင်တဲ့ မြို့ကွာလို့သာ ဘယ်မြို့ကကားဆိုပြီး ခေါ်တာဖြစ်ပါတယ်။ မြန်မာပြည် အထက်ပိုင်းမှာ ဆိုရင်ဒီကားမျိုးကို မန္တလေးတိုင်းဒေသကြီး၊ အလယ်ပိုင်းမှာ ရှမ်းတိုင်းဒေသကြီး၊ ရခိုင်တိုင်း ဒေသကြီး၊ အောက်ပိုင်းဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး အစရှိသဖြင့် စက်မှုလုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ဆိပ်ကမ်းကုန်သွယ်ရေးလုပ်ငန်း ထွန်းကားတဲ့ မြို့တွေမှာ အများဆုံး မြင်တွေ့ရပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာတော့ Mitsubishi Truck ကို တော်တော်များတွေ့နိုင်ပါတယ်။
လော်ရီကား – ဆီမီးထရက်လို့လည်း ခေါ်တဲ့ လော်ရီကားများကိုလည်း ထရက်ကားများ အလားတူ မြင်တွေ့ ရပါတယ်။ လော်ရီကားကျတော့ ကုန်ပစ္စည်းအမျိုးအစားလိုက် နောက်တွဲကို အပြောင်းအလဲ ပြုလုပ်နိုင်တာကြောင့် ဆိပ်ကမ်းသယ်ယူ ပို့ဆောင်ရေး၊ သစ်လုပ်ငန်း သယ်ယူ ပို့ဆောင်ရေးတို့မှာ ပိုမို အသုံးများပါတယ် မြန်မာပြည်မှာ လောလောဆယ် အသုံးများနေတာကတော့ Nissan Truck များဖြစ်ပါတယ်။
ဗင်ကား – ဗင်ကိုကျတော့ မိသားစုသုံး ယာဉ်အနေနဲ့ကော၊ ကုမ္မဏီ သယ်ယူပို့ဆောင်ရေး ယာဉ်အနေနဲ့ကော မြန်မာပြည်တစ်ဝန်းမှာ အသုံးပြုကြပါတယ်။ ယနေ့မှာ ခေတ်အစားဆုံး ဗင်ကတော့ တိုယိုတာ အဲလ်ဖက် ဖြစ်ပါတယ်။ အဲလ်ဖက် ဆိုရင် တော်များများ သိကြပြီး မိသားစုသုံးကား အဖြစ်သုံးကြသလို၊ လုပ်ငန်းမှာလည်း အသုံးပြုပါတယ်။ ခရီးသွား ဘုရားဖူးယာဉ်အဖြစ်တောင် အသုံးပြုနေကြပါသေးတယ်။ ဒါ့အပြင် အခြားသော အမှတ်တံဆိပ်များမှ ကားများစွာလည်း ရှိပါသေးတယ်။
ခရီးဝေး ဘတ်စ်ကားများ – ခရီးဝေးဘတ်စ်ကားကတော့ မြန်မာတစ်နိုင်ငံလုံးမှာ အသုံးပြုပါတယ်။ အဓိကအား ဖြင့် အသုံးပြုနေကြတဲ့ ဘတ်စ်တွေကို ဂျပန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ တရုတ် နဲ့ အခြားသော ဥရောပ အမှတ် တံဆိပ် များလည်းဝင်ရောက်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးများကို ဗဟိုပြုလို့ ခရီးဝေးသယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် တစ်ပတ်ရစ်ကားများ ဒါမှမဟုတ် ကားအသစ်များ ကိုဝယ်ယူအသုံးပြုကြပါတယ်။ ဘုရားဖူးလုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေး ဘတ်စ်များလည်း ရှိပါတယ်။
မြို့တွင်းသုံး ဘတ်စ်ကားများ – အရေအတွက် အများဆုံးကို ရန်ကုန်မှာ မြင်တွေ့နိုင်ပါ တယ်။ အကြောင်းကတော့ ရန်ကုန်မြို့ဟာ လူဦးရေအများဆုံးရှိပြီး မြို့လည်း ကျယ်ဝန်းလို့ဖြစ်ပါတယ်။ အစိုးရဘတ်စ်ကား (သို့မဟုတ်) ပုဂ္ဂလိကဘတ်စ်ကား လုပ်ငန်းများစွာရှိပါတယ်။ အခြားသော မြို့တွေမှာလည်း ရှိပါတယ်။
တက္ကဆီ – တက္ကဆီ အတွက်ဆိုပြီးတော့ ကားသွင်းဖို့အတွက် သီးသန့်ပါမစ်ပေးပါတယ်။ အနီလိုင်စင် ဖြစ်ပြီး အခွန်အခလည်း ကိုယ်ပိုင်ယာဉ် သွင်းတာထက် အခွန်ခအများကြီး လျော့ချပေးထားပါတယ်။ တက္ကဆီရယ်လို့ ခေါင်းစဉ် တပ်လိုက်ပေမယ့် သွင်းတဲ့ ကားအများစုကတော့ ဆလွန်း၊ ဗန်၊ နောက်ဖုံးဖွင့် ကားများ ဖြစ်ပါတယ်။
ဘောက်ထရက် – ဘောက်ထရက်ကတော့ မြို့တွင်း စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်း တွေမှာ အသုံးပြုတာ အများအားဖြင့် မြင်တွေ့ ရပါတယ်။
လုပ်ငန်းကြီးသုံး ယာဉ်များ – လုပ်ငန်းကြီးသုံးလို့ဆိုတဲ့ နေရာမှာ စက်ယန္တယား တပ်ဆင်ယာဉ်များဖြစ်ပြီး ဘိလပ်မြေ ကြိတ်စက် ပါတဲ့ယာဉ်၊ လမ်းကြိတ်စက်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်၊ ဆိပ်ကမ်းတွင် အသုံးပြုရန် သီးသန့်ထုတ်လုပ်ထားသောယာဉ်၊ ကုန်ထုတ်လုပ်ငန်းသုံးယာဉ်၊ လေဆိပ်အသုံးပြုယာဉ်၊ ဂေါက်ကွင်း အသုံးပြု ယာဉ် အစရှိသဖြင့် ပြောမကုန်အောင် များပြားစွာရှိနေပါတယ်။
အထက်ဖော်ပြပါ လုပ်ငန်းသုံး မော်တော်ယာဉ်အမျိုးစားများကတော့ တစ်ပတ်ရစ် တွေရှိသလို၊ အသစ်တွေ လည်း အများအပြားရှိပါတယ်။ အမှတ်တံဆိပ်အားဖြင့်လည်း ဂျပန်နိုင်ငံကဝင်တဲ့ မစ်စူဘီရှီ၊ တိုယိုတာ ကားများ ရှိသလို၊ ကိုရီးယားဘက်ကဝင်တဲ့ ဟွန်ဒိုင် တို့လိုကားလည်း ရှိပါတယ်။ Motors.com.mm ကနေ မြန်မာပြည်တွင်းက ရရှိနိုင်တဲ့ လုပ်ငန်းသုံး အသစ်၊ တစ်ပတ်ရစ် ယာဉ်များကို စိတ်ကြိုက်လေ့လာ စုံစမ်းဆက်သွယ် ဝယ်ယူ နိုင်ပါတယ်။