၂၁ ရက်နေ့၊ သြဂုတ်လ၊ ၂၀၁၄ ခုနှစ်တွင် တတိယနှစ် စီးပွားရေးအထောက်အကူပြု သင်တန်းသား၊ သင်တန်းသူများသည် လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။ ဒေါ်မေသူကျော်၊ ဦးဟန်မြင့်မောင်၊ ဒေါ်သန္တာထွန်း၊ ဒေါ်ကလျာအောင် (အိုင်စီတီ)နှင့် ဦးသူရိန်တို့သည် ယင်းခရီးစဉ်တွင် လိုက်ပါခဲ့ကြပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၈) ယောက်တို့သည် လေ့လာရေးခရီး နေရာများဖြစ်သော မြရိပ်ညိုဟိုတယ်နှင့် မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ပထမဦးစွာ မနက် (၈) နာရီတွင် CVT သင်တန်းကျောင်းမှ ထွက်ခွာခဲ့ကြပြီး မြရိပ်ညိုဟိုတယ်သို့ သွားရောက်ခဲ့ကြပါသည်။ မြရိပ်ညိုဟိုတယ်မှ တာဝန်ရှိသူများက ဟိုတယ်ဝန်ဆောင်မှုများနှင့် အိပ်ခန်းဆောင်အမျိုးမျိုးအကြောင်းကို ရှင်းပြခဲ့ပါသည်။
ယင်းနောက် ဟိုတယ်အတွင်း လည်ပတ်ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် ပျဉ်းမပင် စက်မှုဇုန်ရှိ မြန်မာဘရူဝါရီ လီမိတက် ကုမ္ပဏီသို့ သွားရောက် ခဲ့ကြပါသည်။ ကုမ္ပဏီအကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ပုံ၊ ဖြန့်ဖြူးပုံနှင့် လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲမှု အကြောင်းတို့ကို အသေးစိတ် ရှင်းပြခဲ့ပါသည်။ ကျောင်းသားကျောင်းသူများအားလုံးသည် ခရီးစဉ်တွင် ပျော်ရွှင်ခဲ့ ကြပြီး စီးပွားရေးအသိပညာများ တိုးတက်လာခဲ့ပါသည်။ အိမ်အပြန်ခရီးတွင် သူတို့သည် လေ့လာရေးခရီး အတွေ့ အကြုံများကို အချင်းချင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ နောက်ဆုံးတွင် CVT သင်တန်းကျောင်းသို့ ညနေ (၆) နာရီတွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။