News

Japan နိုင်ငံအမှတ်တံဆိပ် NEC LED Mobile Projector ( L102W )

Japan နိုင်ငံအမှတ်တံဆိပ် NEC LED Mobile Projector ( L102W )

Japan နိုင်ငံအမှတ်တံဆိပ် NEC LED Mobile Projector ကတော့ PC, Mobile, Tablet များဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ USB Flash Drive, SDcard များဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ Project အတွင်းအသင့်ပါဝင်တဲ့ Internal Storage 1 GB တွင်းရှိအချက်အလက် များကိုသော်လည်းကောင်း ပြန်လည်ပြသနိုင်ပြီးပေါ့ပါးသေးငယ် အလွယ်တကူသယ်ယူသွားနိုင်တဲ့ အရည်အသွေးမြင့် LED Mobile Projector အမျိုးအစားပဲဖြစ်ပါတယ်။ Internal Storage 1 GB ပါဝင်ပြီး သိမ်းဆည်းထားသော အချက်အလက်များကို ပြန်လည်ပြသနိုင်ခြင်း၊ အလေးချိန် ၁.၄ ကီလိုဂရမ်သာရှိခြင်း နှင့် သိပ်သည်းကျစ်လစ်သော အရွယ်အစားနှင့် ဒီဇိုင်းတွေကြောင့် NEC L102W Projector ဟာရုံးသုံး၊ အိမ်သုံးသာမကခရီးဆောင် Projector အဖြစ်ပါ အသုံးပြုဖို့ အသင့်တော်ဆုံးသော Mobile Projector ပဲဖြစ်ပါတယ်။

ရုပ်ပုံများ၊ Videos များ၊ Office Files များအပြင် 3D Files များကိုပါ ပြန်လည်ပြသရာတွင် PC နှင့် ချိတ်ဆက်ရန် မလိုအပ်ပဲ USB Flash Drive, SD card များမှတဆင့်ဖြစ်ဖြစ်၊ Mobile Smartphone နှင့် Tablet များဖြင့် Wireless ချိတ်ဆက်၍ပဲဖြစ်ဖြစ်၊ Internal Storage တွင် ထည့်သွင်း၍ပဲဖြစ်ဖြစ် ပြန်လည်ပြသနိုင်တဲ့ နည်းပညာများကြောင့် PC-Less Connection ကိုပေးစွမ်းနိုင်တဲ့ Projector ဖြစ်ပါတယ်။ Projector Power အဖွင့်အပိတ် ပြုလုပ်တဲ့ အချိန်မှာလည်းသာမာန် Projector များကဲ့သို့ အချိန်အကြာကြီး စောင့်နေစရာမလိုအပ်ပဲ စက္ကန့်ပိုင်းအတွင်းမှာပဲ အသုံးပြုနိုင်မှာဖြစ်တဲ့ Instant Start up နည်းပညာကိုအသုံးပြုထားပါတယ်။ အလင်းသိပ်သည်းမှုနှုန်း (Contrast ratio) 10,000 : 1 ဖြင့်မှန်ကန်တိကျတဲ့ အရောင်နဲ့ပုံရိပ်ကို ပေးစမ်းနိုင်မှာဖြစ်သလို သဘာဝပါတ်ဝန်းကျင်ကို အထောက်အကူပြုစေတဲ့ Eco Friendly နည်းပညာလည်းပါဝင်ပါတယ်။

Digital Light Processing (DPL) နည်းပညာကို LED အလင်းပေးမှုစနစ် ပေါင်းစည်းထားမှုဖြင့် အလင်းပြင်းအား Lumen 1000 အရည်အချင်းတွေကြောင့် သာမှန်ရုံးခန်း၊ စာသင်ခန်းများတွင် တောက်ပသေချာတဲ့ ပုံရိပ်များကိုရရှိနိုင်စေရန်အတွက် အသင့်တော်ဆုံးသော ရွေးချယ်မှုပဲဖြစ်ပါတယ်။ Projector အတွင်းအသင့်ပါဝင်တဲ့ 2W Speaker၊ Video Playback နည်းပညာနှင့် 120 Hz ရှိ DLP Link ၏ 3D နည်းပညာတို့ပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့ Portable Multi Media Projector အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Wide Angel (WXGA) Projector အမျိုးအစားဖြစ်ပြီး Pixel ပေါင်းသန်းကျော်တဲ့ Native Resolution များကြောင့် Video, ဓါတ်ပုံများကိုအရည်အသွေးမလျော့ကျစေပဲ ပုံကြီးချဲ့ကာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ LED Projection နည်းပညာအပါအဝင် NEC Green Vision ရဲ့ကိုယ်ပိုင် Mercury free နည်းပညာတို့ကိုပေါင်းစပ်ထားတဲ့ Projector ဖြစ်တဲ့အတွက် လျှပ်စစ်စွမ်းအင်အသုံးပြုမှုကို လျော့ချထားပြီး Power စားသက်သာတဲ့ Projector ဖြစ်ပါတယ်။

Smartphone, Tablet, PC အစရှိတဲ့ IT ပစ္စည်းများဖြင့် Wireless Presentation ပြုလုပ်နိုင်ရန်အတွက် MirrorOP, MobiShow အစရှိတဲ့ Application များကိုအခမဲ့ရယူပြီး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Brightness 50% ဖြင့် နာရီပေါင်း ၂၀,ဝ၀ဝ ကျော်အသုံးပြုနိုင်မယ့် Lamp အမျိုးအစားကို အသုံးပြုထားတဲ့အတွက်ကြောင့် နေ့စဉ်ပျမ်းမျှ (၈) နာရီအသုံးပြုပါက နှစ်ပေါင်း (၆) နှစ်ကျော်ခန့် Lamp အသစ်လဲလှယ်စရာ မလိုအပ်ပဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အခြားနည်းစနစ်များအနေအဖြစ် Projector Lens ကိုကာကွယ်ပေးမယ့် Lens Shatter၊ ပုံရိပ်အရွယ်အစားကို အလိုအလျောက်ချိန်ညှိုပေးနိုင်တဲ့ Auto Keystone Correction စနစ်များပါဝင်ပါသေးတယ်။ ရုံးခန်း၊ ကျောင်းခန်းတွေမှာ အသုံးပြုရင်ပဲဖြစ်ဖြစ်၊ အိမ်မှာ Home Theatre အဖြစ် အသုံးပြုရင်ပဲဖြစ်ဖြစ်၊ ခရီးဆောင် Projector အဖြစ် အသုံးပြုရင်ပဲဖြစ်ဖြစ် ဘယ်အတွက်မဆိုရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ NEC LED Mobile Projector (L102W) ကို KMD မှ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ NEC L102W projector နှင့်ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း KMD – 01 : 381-129, 381-035, 245-180 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *