Gadgets, News, Review

Acer Projector S1213Hne

Acer Projector S1213Hne

ကျောင်းသုံး၊ လုပ်ငန်းသုံး၊ ရုံးခန်းသုံး၊ ကာရာအိုကေဆိုင်များနှင့် ဘောလုံးပွဲ ဝါသနာပါသော သူများအတွက် အရည်အသွေးမြင့် Acer S1213 Hne Projectorနှင့် မိတ်ဆက်ပေးပါရစေ။ Display Pannel အမျိုးအစားက DLP (Data Loss Prevention) အမျိုးအစား ဖြစ်သည့်အတွက် ကောင်းမွန်တဲ့ ရုပ်ထွက်ကို ရရှိစေပါတယ်။ ပုံဖော်မှုအရည်အသွေး Resolutionက XGA (1024 x 768) အထိ ထောက်ပံ့ပေးထားမှုက အဆင်ပြေစေမှု တစ်ခုဆိုတာ လက်ခံပေးရမှာပါ။ ဒီ Projectorရဲ့ Contrast ratio (အလင်းဆုံး၊ အမှောင်ဆုံး) ချိန်ညှိမှုက (1700:1) အထိ ဆန်းသစ်ထားမှုက ရုပ်ထွက်အပေါ် မူတည်ပြီး ချိန်ညှိပေးထားပါတယ်။ အလင်းရောင် တောက်ပမှု ( Lumens အပိုင်းမှာတော့ Standard Modeနှင့်ဆိုရင် 3000 ANSI Lumens)ကို ရရှိမှာဖြစ်ပြီး Eco Modeကို ရွေးချယ်မယ် ဆိုရင်တော့ 2400 ANSI Lumensကို ရရှိမှာ ဖြစ်ပါသည်။

ပုံဖော်နိုင်မှု့ အကွာအဝေးနှင့် အကျယ်အဝန်းက အားလုံးအဆင်ပြေစေမဲ့ 77 inchesဖြစ်ပြီး 95 cm (0.61:1) အထိ အကောင်းဆုံးရရှိမှာ ဖြစ်ပါသည်။ Lamp typeက အကြမ်းခံမှုအကောင်းဆုံး UHP Type ဖြစ်ပြီး Lamp သက်တမ်းကတော့ Mode (3)ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတည်။ Standard Modeဖြင့် 5000 Hours, ECO Modeဖြင့် 6000 Hoursနှင့် Extreme ECO Modeဖြင့် 10,000 hours အထိ ရွေးချယ်ခွင့်ပြုထားမှုက ကျေနပ်စရာပါ။ Colour အရည်အသွေးအတွက် 1.07 Billion Colors အထိ ရရှိမှုက အဆင်ပြေမှုကို ရရှိစေမှာဖြစ်ပါသည်။ အသံဆူညံမှု နည်းပညာအတွက် Standard Modeအနေနှင့် 31 dBA, ECO Modeအနေဖြင့် 26dBA ရွေးချယ်နိုင်သလို  HDMI/MHL, PC Audio, S-Video, Composite Video, D-Subတို့ကို စုံလင်စွာ လက်ခံပေးမှာ ဖြစ်ပြီး D-Sub, VGA, PC Audio, DLP 3D Readyကို ပြန်လည်ထုတ်ဖော်ခွင့် ပြုထားပါသည်။

External Connect အနေဖြင့် Wireless Option အနေဖြင့် အသုံးပြုခွင့် ပါဝင်ထားမှုက ပြီးပြည့်စုံစေမှာပါ။ လှပပြီးရှင်းသန့်တဲ့ အဖြူရောင် တောက်တောက်ဖြင့် ခန့်ညားစေပြီး ဆန်းသစ်တဲ့ဒီဇိုင်းက သင့်အိမ်၊ သင့်ရုံးခန်းနှင့် သင့်ရဲ့ စီးပွါးရေးတစ်ခုအနေဖြင့် ဂုဏ်ယူဝင့်ကြွားစေပါတယ်။ အလေးချိန် 2.70 kg သာရှိတဲ့ အလေးချိန်က အားလုံး အဆင်ပြေစေပါတယ်။ ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ရွှေလမင်းနဂါးကုမ္ပဏီမှ အာမခံ (၁) နှစ်ဖြင့် တင်သွင်းရောင်းချကာ မြန်မာပြည် အရပ်ရပ်ရှိ ကွန်ပျူတာ ဆိုင်များတွင် ဈေးနှုန်း (USD660)ဖြင့် မေးမြန်း ဝယ်ယူနိုင်ပါပြီ။ ဖုန်းနံပါတ်ကတော့ 01-2300087~88, 09-250177761~62 ဖြစ်ကြောင်း myanmarict.wpengine.comသို့ အသိပေးလာပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *