Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ခေတ်မှီဆန်းသစ်သော Designကို ကြိုက်နှစ်သက်သူများအတွက် Transcend Flash Drive V90Cဟာ သင့်အတွက်ရှိနေမှာပါ။ V90C ဟာဆိုရင် အခြားသော Flash Drive များနှင့် မတူညီသော Designနှင့် နည်းပညာများ ပါဝင်ပါတယ်။ V90C design ဟာဆိုရင် တောက်ပသော သတ္တုမျက်နှာပြင်ကို အသုံးပြုထားပြီး Metal Window Shape ဒီဇိုင်းဖြင့် ထူးခြားဆန်းသစ်ပြီး ပြိုင်ဘက်ကင်းသော ပုံသဏ္ဍန်က ခန့်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ထူးခြားသော သတ္တုမျက်နှာပြင်ကြောင့် Smart ကျသော V90C ကို Keys Chain, Cell Phone, Chain Walletနှင့် Purse တို့တွင်လည်း သော့ချိတ်ပုံသဏ္ဍန် အနေဖြင့် Smart ကျစွာ အသုံးပြုနိုင်ပါသည်။ ၄င်း V90ဟာ ရေစိုခံနိုင်ပါတယ်။ Transcend Elite data management softwareကို အသုံးပြုပြီး ပျောက်ဆုံးသွားသော Photo,Video များကိုလည်း recover ပြုလုပ်၍ ရသည့် Transcend V90C Flash drive ဖြစ်ပါတယ်။၄င်း V90C Transcend memory stick 4GB ကို 7800 ကျပ်ဖြင့်လည်ကောင်း, 8GB ကို 8600 ကျပ်ဖြင့်လည်းကောင်း, 16GB ကို 11800 ကျပ်ဖြင့်လည်ကောင်း ဝယ်ယူရရှိနိုင်ပါတယ်။ ၄င်း V90C Transcend Memory stick များကို ရွှေလမင်းနဂါးမှ တရားဝင်တင်သွင်း ဖြန့်ချီနေပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ကွန်ပျူတာဆိုင်ကြီးများနှင့် ဖုန်းဆိုင်များတွင် ရရှိနိုင်ပါသည်။ဆက်သွယ်ရန် ၀၁-၂၃၀၁၇၉၇၊ ၀၁-၂၃၀၁၇၉၈။