Mobile, News, Review

စမတ်ကျတဲ့ ဒီဇိုင်းနဲ့ ပေါ့ပေါ့ ပါးပါးသွက်လက်တဲ့Lenovo A536

Lenovo-A536-Smartphone

စမတ်ကျတဲ့ ဒီဇိုင်းနဲ့ ပေါ့ပေါ့ ပါးပါးသွက်လက်တဲ့Lenovo A536 Smartphone စမတ်ကျတဲ့ဒီဇိုင်းနဲ့ ပေါ့ပေါ့ ပါးပါး သွက်သွက်လက်လက် စမတ်ဖုန်းကို ဈေးနှုန်းသက်သက်သာသာဖြင့် အသုံးပြုလိုသူများအနေဖြင့် Lenovo A536 က အကောင်းဆုံးသောရွေးချယ်မှုဖြစ်ပါတယ်။Display အရွယ်အစား ၅ လက်မရှိပြီး 148g အလေးချိန်,0.39 inches အထူသာရှိတဲ့ Lenovo Smartphone အမျိုးအစားဖြစ်ပါတယ်။Quad-core 1.3 GHz Cortex A7 CPU ကိုအသုံးပြုထားပြီး Core ၄ လုံးစလုံးကို စနစ်တကျဖြင့် အသုံးပြု သူတွေ စိတ်ကျေနပ်မှုရှိစေမယ့် ပေါ့ပါးမှုကိုပေးစွမ်းထားတဲ့ Android version 4.4.2(Kitkat) ပါဝင်ပါတယ်။ ဂိမ်းကစားတာ နှစ်သူတွေအတွက် CPU Mali-400 MP2 ထည့်သွင်းပေးတားပါတယ်။ဖုန်းမှတ်ညဏ် RAM Memory1GB ရှိပြီး Data ထည့်သွင်းဖို့အတွက် Internal Storage 8GB ပါဝင်ပြီးသားဖြစ်ပါတယ်။8GB နဲ့ မလုံလောက်သေးသူများအတွက် 32GBအထိ ထပ်မံထည့်သွင်းနိုင်ဖို့အတွက် external microSD card Slot ပါဝင်ပါသေးတယ်။ဓါတ်ပုံ နှင့် Video ဖမ်းယူနိုင်ဖို့အတွက် Main Camera 5 MP နှင့် Selfie Camera 2 MP ဖြင့် ကြည်လင်ပြတ်သားတဲ့ အမှတ်တရများကို ရယူနိုင်မှာဖြစ်ပါတယ်။Official Warranty  ၁နှစ် နှင့်အတူ ပစ္စည်းအရည်သွေးကောင်းမွန်စိတ်ချရတဲ့ Lenovo A536 Smartphoneကိုဈေးနှုန်း ၁၂၅,ဝ၀ဝ ကျပ်ဖြင့် KMD အရောင်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။စုံစမ်းမေးမြန်းလိုလျှင် ဖုန်း KMD:01-381-129,503-511 သို့ဆက်သွယ်နိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *