Featured, News, Travel

ကမ္ဘာပတ်ဖို့ ဗန်ကားအဟောင်းကို ရွေ့လျားနေအိမ်အဖြစ် အသွင်ပြောင်းခဲ့သူ

ကမ္ဘာပတ်ဖို့ ဗန်ကားအဟောင်းကို ရွေ့လျားနေအိမ်အဖြစ် အသွင်ပြောင်းခဲ့သူ

လူတော်တော်များများလိုပဲ Mike Hudsonဟာ ငြီးငွေ့ဖွယ်အလုပ်နဲ့ နေ့စဉ် အလုပ်ကိစ္စတွေကို စွန့်စားမှုတွေ၊ ခရီးတွေနဲ့ လဲလှယ်ချင်ခဲ့တာပါ။ သူ့ရဲ့ အိပ်မက်ကို ၂၀၁၃မှာ အမှန်တကယ်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ System Engineerအလုပ်ကို နှုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတော်တော်များများကိုလည်း အလှူ ပေးခဲ့ပြီး ဆယ်နှစ်သက်တမ်းရှိ ဗန်ကားအဟောင်းကို Vandogလို့ အမည်ပေးထားတဲ့ ရွေ့လျားနေအိမ် အဖြစ် အသွင်ပြောင်းဖို့ စီမံကိန်းကို စတင်ခဲ့ပါတယ်။

Hudsonဟာ eBayကနေ ၀ယ်ယူခဲ့တဲ့ သံချေးတက်နေတဲ့ ဗန်ကားကို လူတစ်ယောက်လိုအပ်တဲ့ အရာ၀တ္ထုအားလုံး ထည့်သွင်းတပ်ဆင်နိုင်ဖို့ အချိန်ငါးလကြာ ကြိုးစားခဲ့ရတာပါ။ ဗန်ကားထဲမှာတော့ ခေါက်ချိုးနိုင်တဲ့ အိပ်ယာ၊ ကြီးမားတဲ့ ကြိုးပုခက်၊ အလုပ်စားပွဲနေရာ ၊ ကြောင်အိမ်များစွာ၊ စပီကာများ၊ ရေခဲသေတ္တာတစ်လုံး၊ ဂတ်စ်မီးဖို၊ ရေချိုးခန်း၊ အိမ်သာ၊ ဖိအားပါတဲ့ ရေပူရေအေးစနစ် နဲ့ ဗန်ကားရဲ့ ထိပ်မှာ တပ်ဆင်ထားတဲ့ Solar Panelတွေက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုတဲ့ LED မီးချောင်းတွေပါရှိပါတယ်။ သူ့ရဲ့ အဓိက စွမ်းအင် အရင်းအမြစ်ဖြစ်တဲ့ ဂတ်စ်ကို ဓါတ်ငွေ့အရောင်းဆိုင်များမှ ဈေးသက်သာစွာ ပြန်လည် ဖြည့်တင်းနိုင်တဲ့ LPG Cylinderထဲမှာ သိမ်းထားပါတယ်။

၂၀၁၄ ခုနှစ် မတ်လထဲမှာ သူ့ရဲ့ ဗန်ကားကို လက်စသတ်လိုက်ပြီးနောက်မှာ Hudsonဟာ Vandogကားကို မောင်းပြီး သူ့ရဲ့ နေရပ် Hullကနေ အင်္ဂလန်တောင်ပိုင်းကို ခရီးထွက်ခဲ့ပါတယ်။ အဲဒီကနေ လှေငှားပြီး ရေအိုင်ကို ဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူဟာ France, Spain, Portugal, Switzerland, Austriaတို့လို နိုင်ငံများတစ်လွှားကို ကားမောင်းသွားခဲ့ပြီး ဥရောပအနှံ့ ခြေဆန့်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ခရီးသည်ဟာ သူ့ရဲ့ အံ့မခန်း စွန့်စားခန်းကို ရပ်တန့်ဖို့ အစီအစဉ်မရှိပါဘူး။ သူ့ရဲ့ ရွေ့လျားနေအိမ်ကနေ သက်တောင့်သက်သာစွာနဲ့ အတွေ့အကြုံအသစ်တွေကို ခံစားချင်နေပါတယ်။ Hudsonရဲ့ ခရီးစဉ်တွေကို လေ့လာချင်ရင် သူ့ရဲ့ ဘလော့ဖြစ်တဲ့ Vandog Travellerကို လည်ပတ်ပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *