Gaming

Star Trek

Star-Trek-Game

လာပြန်ပြီ Star Trek: The Game တဲ့၊ စီးရီးအလိုက် ထွက်တဲ့ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Action ဂိမ်းမျိုးကြိုက်တဲ့ ဂိမ်းမာတွေအတွက်ကတော့ Aprilလထဲမှာ Star Trek နဲ့အဆင်ပြေလောက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေပါ ထွက်ထားတဲ့ Star Trekဂိမ်းကို ရုပ်ရှင်ထုတ်လုပ်ရေး Companyတစ်ခု ဖြစ်တဲ့ Paramount Digital Entertainmentနဲ့ Namco Bandai Companyနှစ်ခုက တာ၀န်ယူထုတ်ပေးမှာဖြစ်ပြီး၊ Developer တွေကလဲ ဂိမ်း Developer အင်းအားစုဖြစ်တဲ့ Digital Extremesက ဖန်တီးထားတာဆိုတော့ အရမ်းမိုက်တဲ့ Action ဂိမ်းတစ်ခုလို့ ပြောလို့ရနေပါပြီ။ ထွက်ပြီးသား Star Trek စီးရီးတွေကလဲ ကောင်းပြီးသား ဆိုတော့ ဒီနှစ်အတွက် Star Trek: The Gameကို ဘယ်လိုပြင်ဆင်ထားလဲဆိုတာ Aprilလထဲမှာ စောင့်ကြည့် ရဦးမှာပါ။ ဂိမ်းတစ်ခုမှာ အရေးကြီးဆုံးတစ်ခုက ရုပ်ထွက်ကောင်းဖို့ပါပဲ။ Star Trekရဲ့ ဂိမ်း Engineကို ကောင်းအောင် ပြင်ဆင်ထားတဲ့အတွက် ရုပ်ထွက်က ပြောစရာမလိုတော့ပါဘူး။

April 23, 2013ရက်နေ့မှာ ထွက်လာတော့မယ့် ဒီ Actionကို Preview ကြည့်မယ်ဆိုရင် Star Trekရဲ့ ထွက်ပြီးသား ရုပ်ရှင်ဇာတ်လမ်းတွေ အတိုင်းပဲလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ထွက်ပြီးသား Star Trek ရုပ်ရှင်ကားထဲက ဇာတ်လမ်းသဘောကို အခြေခံပြီး ဒီ The Gameကို ဖန်တီးလိုက်တာပါ။ ခေတ်လွန် သိပ္ပံကားတွေ ထဲကလိုအာကာသပေါ်မှာ သွားနေတဲ့ယာဉ်ပျံတွေ၊ အာကာသစခန်းတွေနဲ့ ရန်သူတွေကို မြင်တွေ့ရမှာပါ။ ဒီဂိမ်းရဲ့ ဇာတ်လိုက်နှစ်ယောက်ကို တစ်ယောက်နဲ့ တစ်ယောက် စွမ်းရည် မတူအောင် လုပ်ပေးထားတာတွေက Digital Extremesရဲ့ အကြံတွေ ဖြစ်ပါလိမ့်မယ်။ တစ်ယောက်က Kirk၊ နောက်တစ်ယောက်က Spockလို့ ခေါ်ပါတယ်။ သူတို့တွေက သေနတ်နဲ့တိုက်ခိုက်တာ ကျွမ်းတဲ့လူရယ် စိတ်စွမ်းအားနဲ့ တိုက်ခိုက်လူအဖြစ် ကစားသူက ထိန်းချုပ် ကစားသွားရမှာ ဖြစ်ပါတယ်။ Single-player ကစားလို့ ရနိုင်မှာဖြစ်ပြီး Cooperative Gameplay အနေနဲ့ပါ ကစားလို့ရမှာပါ။ Developer အမိုက်စားကြီးတွေက ဖန်တီးထားတဲ့ Star Trek: The Gameကို Action ဂိမ်းကြိုက်တဲ့ ဂိမ်းမာတွေအတွက် သတင်းကောင်း ပေးလိုက်တာပါ။ Actionဂိမ်းအပြင်ကို စွန့်စားမှုတွေနဲ့ သည်းထိတ်ရင်ဖို ကစားရမယ့် အခန်းတွေပါ ပါတဲ့အတွက် Action-Adventure ဂိမ်းလို့တောင် ပြောလို့ရပါသေးတယ်။ PC, PS3, XBOX အတွက် ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် Platform အများစု Action သမားတွေအတွက် ကွတ်တိပါပဲ ခင်ဗျ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *