News

Apple, Xpo 2013 ပြပွဲကျင်းပ ပြီးစီး

appe-xpo

Appe Xpo 2013ပြပွဲကို ဖေဖော်ဝါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့များတွင် နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ MICTDC (Main Building)တွင် ကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။ ပြပွဲ ဖြစ်မြောက်ရေးအတွက် Offical Partnerအဖြစ် MobiTelမှလည်းကောင်း၊ Main Sponsorအဖြစ် MITမှ လည်းကောင်း၊ Co- Sponsorများအဖြစ် Myanmar Car & Job, RedLink, Ytalkတို့မှ ပါဝင်ပံ့ပိုးမှုများ ပေးထားပြီး၊ Refreshment Partnerအဖြစ် Premier Coffeeမှလည်းကောင်း၊ Media Partnerအဖြစ် Internet Journalတို့မှလည်းကောင်း ပူးပေါင်း ဆောင်ရွက်ထားကြပြီး Yangon Heartz Media & Business Solution၏ စုစည်းမှုဖြင့် ကျင်းပသော ပွဲဖြစ်ကြောင်း သတင်း ရရှိပါသည်။ ပြပွဲတွင် ပါဝင်ပြသသော MITမှ ၎င်းတို့၏ ထုတ်ကုန်သစ်များ ဖြစ်သည့် Mobile Banking System, SMS Banking System, E Learning System, Hotelia Front Desk Any Where Systemနှင့် Queue Management Systemတို့ကို ပြသသွားပြီး၊

MobiTelမှ တင်သွင်း ဖြန့်ချိနေသော Samsung Mobileထုတ်ကုန်များကို ခင်းကျင်း ပြသခဲ့ပြီး၊ Developer Cornerအတွက် လိုအပ်သော Mobile Device များကိုလည်း ပံ့ပိုးပေးထား ပါသည်။ ထို့ပြင် မြန်မာပြည် အတွက် စီစဉ်နေသည့် Mobile Apps Store တစ်ခုကိုလည်း မိတ်ဆက် ပြသ ပေးသွားခဲ့ပါသည်။ RedLinkမှ လည်း မြန်မာပြည်၏ ထင်ရှားသော ISPတစ်ဦးအဖြစ် ၎င်းတို့၏ Broadband Wireless အင်တာနက်လိုင်းများ ဝန်ဆောင်ပေးနေမှုများကို ပါဝင်ပြသခဲ့ပါသည်။ ထို့အပြင် Ytalkမှလည်း အသစ်ထွက်ရှိလာသော မြန်မာနိုင်ငံမှတစ်ဆင့် နိုင်ငံတကာသို့ ကွန်ပျူတာဖြင့် လည်းကောင်း၊ မိုဘိုင်းလ်ဖုန်း ဖြင့်လည်းကောင်း၊ ဖုန်းခေါ်ဆိုနိုင်သော ဝန်ဆောင်မှုကို မိတ်ဆက်ပြသသွားခဲ့ပြီး၊ Ypayမှ မြန်မာပြည်၏ Online Payment System တစ်ခုဖြစ်သော Ypayအသုံးပြုမှုများ၊ ပိုမို တွင်ကျယ်လာစေရန် အသုံးပြုပုံများကို ရှင်းလင်း မိတ်ဆက် ပြသခဲ့ပါသည်။ Ubuntu Loco Teamမှ OSများနှင့် ထုတ်ကုန်သစ်များ အကြောင်းကို လက်တွေ့ သရုပ်ပြ တင်ဆက်ခဲ့ပြီး၊ ဂျာမနီနိုင်ငံ SAP Company ၏ ERP ( Enterprise Resoure Planning Application)ဖြစ်သည့် SAP Business One Applicationကို မိတ်ဆက်ပြသ သွားခဲ့ပါ သည်။

ထို့အပြင် Giga Gateမှလည်း ၎င်းတို့၏ ထုတ်ကုန်ဖြစ်သည့် Mobile App တစ်ခုဖြစ်သော Go There Myanmarနောက်ဆုံးထုတ် Versionများကို မိတ်ဆက် ပြသ၍ ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ Programming and Networkingနှင့် ပတ်သက်သည့် နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းများနှင့် စာမေးပွဲများ အကြောင်းကို Info Myanmar Computer Studies (IMCS)မှ ရှင်းလင်း တင်ပြသွားခဲ့ပြီး၊ လူငယ်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော Lotcosမှ Web Developing ဝန်ဆောင်မှုများ၊ ၎င်းတို့၏ ထုတ်ကုန်ဖြစ်သော mTarot Mobile Appနဲ့ မြန်မာပြည်မှာ ထုတ်လုပ်သော CMSတစ်ခုတို့ကို မိတ်ဆက်ပြသ သွားခဲ့ပါသည်။ သတင်းမီဒီယာ တစ်ခု ဖြစ်သည့် Mizzimaမှလည်း ၎င်းတို့၏ Mizzima News Mobile Appကို အခမဲ့ ဖြန့်ဝေ မိတ်ဆက်ပေးသွားခဲ့ပြီး နည်းပညာလုပ်ငန်း နယ်ပယ်အတွင်း ဝင်ရောက် လုပ်ကိုင် ရန် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည့်အပြင် မဇ္ဇျိမဂျာနယ်နှင့် Mizzima Magazine တို့ကိုလည်း ပြသရောင်းချခဲ့ကြောင်း သိရှိခဲ့ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *