Gaming

SIM City ဝယ်ပြီးသူများ Mac Version အခမဲ့ ရမယ်

ဂိမ်းတွေထုတ်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီများဖြစ်တဲ့ EA နဲ့ Maxis တို့ပူးပေါင်း ဆောင်ရွက်တဲ့ SIM City ဂိမ်းဟာ ပွဲဦးထွက်မိတ်ဆက်ပွဲမှာ ဆာဗာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရေသော်လည်း PC တွေပေါ်မှာတော့  အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။ ဆာဗာ အဆင်မပြေမှုတွေကြောင့် ဒီဂိမ်းကို Mac OS ပေါ် ရောက်ရှိဖို့ ကစားနိုင်င်ဖို့ အကြိမ်ပေါင်းများစွာ နောက်ကျခဲ့ရပါတယ်။ ဖေဖော်ဝါရီမှာ ထွက်မယ်လို့ကြေညာခဲ့ပြီး ဇွန်လ၊ ဇွန်လကနေ သြဂုတ်လ ဖြစ်သွားပြန်ပါတယ်။

စောင့်မျှော်နေသူများအတွက် သတင်းကောင်းကတော့ အခုလ ၂၉ရက်မှာမှ ထွက်မည်လို့ တရားဝင် ကြေညာလိုက်ခြင်းပါပဲ။ Mac ပေါ်ကို PC ဗားရှင်းနှင့် အချိန်တပြေးညီ ဘာကြောင့် မရောက်ရှိလာလဲဆိုတာ မသိရပေမယ့် နောက်ကျပြီးရောက်လာသည်ကိုပဲ ကျေးဇူးတင်ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။

EA ရဲ့ ကတိစကားအတိုင်းဆိုရင်တော့ PC Version ဂိမ်း၀ယ်ယူပြီးသူတွေအတွက် Mac Version လိုချင်သည်ဆိုပါကFree Copy ရအောင် စီစဉ်ပေးမယ်လို့ ဆိုခဲ့ပါတယ်။ ထို့ကြောင့် Vestion နှစ်ခုလုံးအတွက် စိတ်ချလက်ချ ပိုင်ဆိုင်ချင်ပြီး၊ သင် မဝယ်ယူရသေးဘူးဆိုပါက Sim City ဂိမ်းကို ဒေါ်လာ ၄၀ပေးပြီး GameFly.com မှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်လို့ သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *