Apps

အသုံးများဆုံး Smartphone Apps

မကြာသေးခင်ကမှ အဆင့်မြှင့်တင်ထုတ်လုပ်လိုက်တဲ့ Google Maps ဟာ ကမ္ဘာ့ Smartphone User တွေရဲ့ အသုံးများဆုံး App တစ်ခုဖြစ်ပါတယ်လို့ GlobalWebIndex ရဲ့ 2013 နှစ်လယ်ပိုင်းမှာ ပြုလုပ်တဲ့ စစ်တမ်းအရ သိရပါတယ်။ အဆိုပါ Google Maps ပြီးရင်တော့ Facebook, YouTube နဲ့ Google+ တို့ဟာ အသုံးအများဆုံးဖြစ်ပါတယ်။ Facebook ဟာ တစ်ကမ္ဘာလုံးက Smartphone အသုံးပြုသူတွေရဲ့ ၄၄%၊ YouTube က ၃၅% နဲ့ Google+ ကတော့ ၃၀% စသဖြင့် အသီးသီး ရပ်တည်နေကြပါတယ်။

ဒါ့အပြင် Smartphone ကိုင်ဆောင်အသုံးပြုသူတွေရဲ့ အသုံးအများဆုံး App ဆယ်ခုကို သုံးစွဲသူရာခိုင်နှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ Google Maps (54%), Facebook (44%), YouTube (35%), Google+ (30%), WeChat (27%), Twitter(22%), Skype (22%), Facebook Messenger (22%), Whatsapp (17%), Instagram (11%)တို့ ဖြစ်ပါတယ်။

Myanmar ICT ပရိသတ်ကြီးကရော ဘယ်App တွေကိုအသုံးအများဆုံးပါလဲ?

Leave a Reply

Your email address will not be published. Required fields are marked *