Cameras, Review

Nikon က Android Camera အသစ်ကို ပြသ

Nikon က Android Camera အသစ်ကို ပြသလိုက်ပါတယ်။ Coolpix S810c လို့ အမည်ပေးထားပြီး အရွယ်သေးငယ်ပါတယ်။ WiFi ချိတ်ဆက်နိုင်ပြီး Android 4.2.2 ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ Nikon ရဲ့ ပထမဆုံး Android Camera ဖြစ်တဲ့ S800c ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ Nikon က မျိုးဆက်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် Operating System ကတော့ နိမ့်ကျတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အရင်မျိုးဆက်ထက် ပိုမိုကြီးမားတဲ့ ၃.၇ လက်မ အရွယ် ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ၃၀၀ မီလီမီတာ အကွာအဝေးအထိ Zoom ဆွဲကြည့်နိုင်ပါတယ်။ ကိုယ်ထည်ကို ပိုမိုသေးငယ်အောင် ပြုလုပ်ထားပါတယ်။

ကင်မရာကနေ Google Play Store ကို အသုံးပြုလို့ရတဲ့အတွက် ကင်မရာကနေ ဓာတ်ပုံရိုက်ပြီးရင် နှစ်သက်ရာ ဓာတ်ပုံပြင်တဲ့ App နဲ့ ပြုပြင်နိုင်မှာဖြစ်ပြီး အွန်လိုင်းမှာ အလွယ်တကူ Share ပြုလုပ်နိုင်ပါတယ်။ ကင်မရာကနေ ၀က်ဆိုက်တွေကြည့်တာ၊ အီးမေးစစ်တာ အပြင် Android Device တွေမှာ ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်အားလုံးကို ကင်မရာမှာ အသုံးပြုနိုင်ပါတယ်။ S810c ကို Media Player အနေနဲ့ အသုံးပြုနိုင်ဖို့ Stereo Headphone Jack တပ်ဆင်ပေးထားပါတယ်။

Nikon က Samsung လို Android Camera များစွာ ထုတ်လုပ်ခြင်းမရှိသေးပေမယ့် Android Camera ဈေးကွက်ကို စိတ်၀င်စားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ S810c ကို ဒေါ်လာ ၃၄၉.၉၅ ဖြင့် နောက်လမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

S810c (2)

Nikon က 1 အမျိုးအစား ကင်မရာအသစ်တစ်လုံးကိုလည်း ပြသခဲ့ပါတယ်။ နာမည်ကို J4 လို့ပေးထားပြီး Lens ပြောင်းလဲ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည် အလယ်အလတ်ရှိတဲ့ ကင်မရာတစ်လုံးဖြစ်ပါတယ်။ အရွယ်သေးငယ်ပြီး တစ်လက်မ Sensors တပ်ဆင်ထားပါတယ်။ J4 မှာ Nikon ထုတ် V3 ရဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ V3 က စွမ်းဆောင်ရည်မြင့် ကင်မရာတစ်လုံး ဖြစ်ပါတယ်။ ကင်မရာနှစ်မျိုးစလုံးမှာ WiFi ချိတ်ဆက်မှု ၊ 18.4 Megapixel Resolution၊ MicroSD Storage၊ Nikon ရဲ့ Expeed 4A Image Processor အသစ် စတာတွေအပါအ၀င် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။

J4

Processor တူညီတဲ့အတွက် J4 ဟာ V3 လိုပဲ Autofocus စွမ်းဆောင်ချက်ဖြင့် တစ်စက္ကန့်လျှင် ဖရိမ် ၂၀ နှုန်း နဲ့ အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ Locked AF စွမ်းဆောင်ချက်ဖြင့် တစ်စက္ကန့်လျှင် ဖရိမ် ၆၀ နှုန်း ရိုက်ကူးပေးနိုင်ပါတယ်။ J4 ဟာ Nikon ရဲ့ ထိတွေ့မျက်နှာပြင်ပါတဲ့ ပထမဆုံး J အမျိုးအစား ကင်မရာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ Focus လုပ်မယ့်နေရာကို ထိတွေ့ သတ်မှတ်နိုင်ပါတယ်။ Nikon က ရေအောက်မှာ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ ရေစိုခံ ကာဗာကို ပြုလုပ်ပေးထားပါတယ်။ J4 မှာ စွမ်းဆောင်ချက် များစွာပါရှိပေမယ့် ပြိုင်ဖက် Sony နဲ့ Fujifilm တို့ရဲ့ ကင်မရာတွေမှာ ပိုမိုကြီးမားတဲ့ Sensors နဲ့ ပိုမိုကောင်းမွန်တဲ့ဓာတ်ပုံအရည်အသွေး တွေရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *