News

မော်ဒယ်မြင့် မြန်မာမီနီဆလွန်းကားများ ရောင်းချရန်စီစဉ်နေ

စက်မှု၀န်ကြီးဌာနမှ ရောင်းချလျက်ရှိသည့် မြန်မာမီနီဆလွန်းများကို ထပ်မံရောင်းချရာတွင် Model မြင့်မြင့်ရောင်းချရန် ရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံ Cherry Co., Ltdမှ စက်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်း၍ စက်မှု၀န်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်သည့် မြန်မာမီနီဆလွန်းကားများ ထပ်တိုးရောင်းချရာတွင် Model အမြင့်ဖြင့် ပြောင်းလဲရောင်းချသွားရန်အတွက် စီစဉ်လျက်ရှိကြောင်း အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း ရောင်းချဖြန့်ဖြူးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှဖြူက ပြောသည်။

ယင်းက “ယခုဘဏ္ဍာနှစ် ဒီအချိန်အထိ အစီးရေ ၁၁၃၀ရောင်းချ ပြီးသွားပြီ။ နောက်တစ်ချိန်ရောင်းချရင် ဒီ Model ထက်ကောင်းတာကို ရောင်းချနိုင်ဖို့ လူကြီးတွေကို တင်ပြထားတယ်။ ဘယ်မော်ဒယ်ဖြစ်မယ်ဆိုတာတော့ လူကြီးတွေက ဆုံးဖြတ်မှာဖြစ်တဲ့အတွက် အတိအကျ မပြောနိုင်သလို ထပ်တိုးရောင်းချမယ့် အစီးရေကိုလည်း ပြောလို့မရသေးပါဘူး”ဟု ဆိုသည်။

စက်မှု၀န်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်ရောင်းချနေသည့် အမျိုးအစားမှာ Myanmar Mini Saloon (Basic Model) 812CC လေးယောက်စီးကား အမျိုးအစားဖြစ်ပြီး ဓာတ်ဆီတစ်ဂါလံလျှင် မိုင် ၅၀နှုန်းအထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာမီနီဆလွန်းကားများအား နည်းလမ်းသုံးခုဖြင့် ရောင်းချပေးနေပြီး ပထမတန်းစားအနေဖြင့် ကျပ်သိန်း ၆၀ လက်ငင်းရောင်းချခြင်းဖြစ်ကြောင်း၊ ဒုတိယတန်းစားအနေဖြင့် ကျပ် ၁၀သိန်း အရင်သွင်းပြီး တစ်ရစ်လျှင် ကျပ်နှစ်သိန်းခွဲဖြင့် လပေါင်း ၂၀သွင်းရကြောင်း၊ တတိယတန်းစားအနေဖြင့် ကျပ်နှစ်သိန်းခွဲဖြင့် နှစ်နှစ်ငွေသွင်းသူအား ဦးစားပေး ရောင်းချနေကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မော်ဒယ်မြင့် မြန်မာမီနီဆလွန်းကားများ ရောင်းချရန်စီစဉ်နေ

  1. Grace Tulip says:

    မြန်မာစက်မှုဇုန်ထု တ်ကားတွေဘယ်လဲ ဘာလဲ။ရောသမမွှေsupercustom ကားတွေ MSW တွေရောဘဲ စက်မှုဇုန်တွေဘယ်လဲဘာလဲ?RTAတွေဘယ်နှစ်ချက်ထုဘယ်လဲဘာလဲ။ကားဆိုရင်ဂျပန်ကားလောက်ကအနိမ့်ဆုံးဖြစ်နေရမယ် မြန်မာမှာQuality securityဆိုတာသိပါလေစ။အတ္တတွေရှေ့တန်းတင်လွန်းပီး ကံ ကံ၏အကျိုးဆိုတာမေ့နေပါဘိ။့

Leave a Reply

Your email address will not be published. Required fields are marked *