News

ဖုန်းကင်မရာ 13 MP နဲ့ LG Optimus G Pro

ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုသူတွေအတွက် အဆင်ပြေစေမယ့် ကင်မရာ 13 MPနဲ ့ LG Optimus G Proဖုန်း ပြည်တွင်းဈေးကွက်ကို ၀င်ရောက်လာပြီ ဖြစ်သည်။ ကင််််မရာပိုင်းတွင်လည်း 13.0 MP ကင်မရာတစ်လုံးနှင့်ရှေ့ကင်မရာ2.1 Mpဖြစ်သည်။ LG Optimus G Proသည် မျက်နှာပြင်အကျယ် ၅ ဒသမ ၅လက်မကျယ်ပြီး အလွန်မြန်ဆန်သော 1.7 GHz Quad-core CPUနှင့် 320 GPUပါ၀င်သည့် ှ Qualcomm Snapdragon 600 Processorကို တပ်ဆင်ပေးထားသည်။ ထို ့ပြင် အရည်အသွေးမြင့် Resolution 1920×1080 Pixel ရှိသောကြောင့် ကြည်လင်သည့် ရုပ်ထွက် ကိုရရှိနိုင်မည့်အပြင် စွမ်းဆောင်ရည်မြင့်မားသော Hardware Features များလည်းပါ၀င်သည်။

Smart Video တွင်လည်း ကြည် ့ရူသူ၏ မျက်လုံးအနေအထားကို မှတ်မိနိုင်မည်ဖြစ်ကာ အသုံးပြုသူသည် Video ကိုနှိပ်ဖွင် ့လုပ်ရန် မလိုဘဲ အလိုအလျောက် ပြုလုပ်ပေးခြင်းဖြင် ့ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် Operating System: Andriod Jelly Bean 4.1.2 ၊ Memory: 16GB /micro SD (up to 64GB) ၊ RAM: 2GB DDR ၊ Camera: Rear 13.0MP / Front 2.1MP ၊ Size:150.2×76.1×9.4mm ပါ၀င်ပြီး Indigo Black နဲ ့ Lunar White အရာင်နှစ်မျိုး ရှိသောကြောင့် သုံးစွဲသူများအတွက် အဆင်ပြေနိုင်မည့် ဖုန်းတစ်လုံးဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “ဖုန်းကင်မရာ 13 MP နဲ့ LG Optimus G Pro

  1. ကောင်းတယ်ဗျာ အမှန်တော့ကျုပ်ကတရုတ်ဖုန်းပဲသုံးတာ နောက်တနေ့နေ့ ကျရင် တော့ ကိုင်မှာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *