News

Samsungရဲ့ Galaxy S4 ခရမ်းနုရောင် လာမည်

တောင်ကိုရီးယားအခြေစိုက် Samsungကုမ္ပဏီကတော့ ၎င်းတို့ရဲ့ Galaxy S Seriesထဲမှ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy S4စမတ်ဖုန်းကို ခရမ်းနုရောင်အဖြစ် မကြာခင်ထုတ်လုပ် ဖြန့်ချိသွားမယ်လို့ သတင်းရရှိပါတယ်။ ပုံပါအတိုင်းဆိုရင်တော့ အဆိုပါဖုန်းဟာ Galaxy S4ရဲ့ လက်ရှိ Two-Tone Lineupတွေ ဖြစ်တဲ့ Black Mistနဲ့ White Frostကို ပေါင်းစပ်ဖန်တီးထားတဲ့ ကာလာဖြစ်နေပါတယ်။ ဈေးနှုန်းအားဖြင့် ၁၉၉.၉၉ဒေါ်လာ သတ်မှတ်ထားပြီး ၂နှစ်ဆားဗစ် ပေးထားပါတယ်။

အဆိုပါ Galaxy S4ဖုန်းမှာ Android 4.2.2(Jelly Bean) OSကို အသုံးပြု မောင်းနှင်ထားပြီး 13-megapixelကင်မရာ တပ်ဆင်ထားပါတယ်။ ရှေ့ကင်မရာကတော့ 2-megapixelဖြစ်ပြီး မျက်နှာပြင်အကျယ် ၅လက်မနဲ့ 1.9GHz Quad-Core Processorအသုံးပြု ထားတဲ့အပြင် 4G LTEကွန်ရက်မှာပါ ကောင်းကောင်းအလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

အရောင်အသွေးကတော့ မဆိုးလှပါဘူး။ ဒါ့အပြင် Galaxy S4ဖြစ်နေတဲ့အတွက် စွမ်းဆောင်ရည်ဟာလည်း ပြောစရာမလိုအောင် ကောင်းမွန်လှပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော အဆိုပါ S4ခရမ်းနုရောင် ဖုန်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ ပေးခဲ့ပါဦး။

Related Posts

6 thoughts on “Samsungရဲ့ Galaxy S4 ခရမ်းနုရောင် လာမည်

  1. Dar Dar N N says:

    I like purple

  2. Htunhtun Win says:

    price199.99 sure?

  3. Kyaw Naing says:

    PRICE is 199.99USD ,so very cheap p…

  4. Chyu Sunny says:

    199.9 USD,really?

  5. Tinmyo Lin says:

    ဒေါ်လာ ၂၀၀ ပဲထားပါ ဒီဈေးကတော့မဖြစ်နိုင်ဘူး

Leave a Reply

Your email address will not be published. Required fields are marked *