News

Samsung S4 နှင့်Galaxy Note 8.0 အတွက် Source Code များ ရရှိနိုင်

Samsung ကုမ္ပဏီသည် လွန်ခဲ့သည့် တစ်ပတ်တာကာလအတွင်း Galaxy S4နှင့် Galaxy Note8.0 ကို ဖြန့်ချီရန် ကိစ္စများ အတွက် အလုပ်များ ခဲ့သော်လည်း Android Programmer များအနေဖြင့် ယင်းတို့၏ အလုပ် တာ၀န်တွေကို ပြည့်စုံစွာ ဆောင်ရွက် ခဲ့ကျပါသည်။ ယင်းက ထွက်ရှိလာသည့် Galaxy S 4 အတွက် AT & T (SGH – i537) နှင့် Note 8.0 (SGH – i537) အတွက် LTE တို့ကို အမေရိကန်နှင့် ကနေဒီးယန်းပုံစံ Kernel Source Code တို့ကို အွန်လိုင်းတွင် တင်ပေးခဲ့သည်။

ယင်း Codeများ ဖော်ပြ ပေးခဲ့ခြင်းသည် Developerများ အတွက် Hardware နှင့် ပတ်သတ်သည့် အကြောင်းအရာများကို နားလည် သဘောပေါက်စေသည်။ Firmware အား modified ပြုလုပ်ချိန် သို့မဟုတ် custom ROM များအား function စုံလင်စွာဖြင့် ဖန်တီးနေချိန်တွင် လွယ်ကူစွာ ဆောင်ရွက် နိုင်စေမှာ ဖြစ်ပါတယ်။ Kernel Code များအား သိရှိလိုပါက www.androidpolice.com မှ တစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Ref : www.engadget.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *