Mobile

ASUSရဲ့ ပေါ့ပါးလှပတဲ့ Ultrabookအသစ်

အရည်အသွေး မြင့်မားတဲ့ ရုပ်ထွက်၊ မြန်ဆန်တဲ့ Wi-Fiနဲ့ ပိုမိုလျင်မြန် သွက်လက်လာတဲ့ Processorတို့နဲ့ အတူ ASUSကတော့ ၎င်းတို့ရဲ့ Ultrabookအသစ် တစ်ခုကို မိတ်ဆက်ပွဲထုတ် လိုက်ပြီ ဖြစ်ပါတယ်။ “Zenbook UX301”ဟု အမည်ပေးထားပြီး မျက်နှာပြင်အကျယ် ၁၃.၃လက်မနဲ့ 2560×1440Pixel Resolutionရှိတဲ့ IPS Touch Screen Panelကို တပ်ဆင်ထား ပါတယ်။ မျက်နှာပြင် ကာကွယ်ဖို့အတွက် Gorilla Glass 3ကိုလည်း အသုံးပြုထား ပါတယ်။ အဆိုပါ Gorilla Glass 3ဟာ ၎င်းရဲ့နောင်တော် Glass 2ထက် သုံးဆပိုမို အကြမ်းခံပြီး မြင်လွယ်တဲ့ ပွန်းရာ၊ ခြစ်ရာတွေကို လျှော့ချတဲ့နေရာမှာ ၄၀ရာခိုင်နှုန်း ပိုမိုကောင်းမွန် ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ ခြစ်ရာတစ်ခုခု ဖြစ်ခဲ့ရင်တောင် ပြန်လည်ကာကွယ်နိုင်မှုလည်း Gorilla Glass 2ထက် ၄၀ရာနှုန်း ပိုမိုတိုးတက် လာတယ်လို့ သိရပါတယ်။

Intelရဲ့ စတုတ္ထမျိုးဆက် Intel Core i7 Haswell Processorအသုံးပြု ထားပြီး ဂရပ်ဖစ်အနေနဲ့ Intel HD 5100 Graphicsကို အသုံးပြု ထားပါတယ်။ System Memory 8GBရှိတဲ့အပြင် 512GB Flash Storageမို့လို့ အချက်အလက်တွေကို ကောင်းကောင်း ထားသိုနိုင်မှာပါ။ Nvidia GT 730M GPUကိုလည်း ရွေးချယ်မယ်လို့ သိရပါတယ်။ 802.11 ac Wi-Fi, Sonic Master Technologyအသံစနစ်နဲ့ 50Whr Batteryတပ်ဆင် အသုံးပြုထားပါတယ်။ ဒါ့အပြင် Mini-Display Port, micro-HDMI 1.4, SD Card Reader, 3.5mm Headphone/Mic Jackနဲ့ USB 3.0 Portပါ တပ်ဆင်အသုံးပြုထားပြီး Ultrabookတစ်ခုလုံးရဲ့ အလေးချိန် ၃ပေါင်သာ ရှိပါတယ်။

ဈေးကွက်ထဲမှာ အပါးလွှာဆုံး၊ အပေါ့ပါးဆုံး Ultrabookတစ်လုံး မဟုတ်ပေမယ့် ပုံမှာပြထားတဲ့အတိုင်း တော်တော်လှပပြီး စတုတ္ထသုံးလပတ် အတွင်းရောက်ရှိလာနိုင်ဖွယ် ရှိပါတယ်။ အဖြူ၊ အနက်နဲ့ မိုးပြာရောင်ဆိုပြီး ကာလာသုံးမျိုးလာမှာ ဖြစ်ကာ ဈေးနှုန်းအတိအကျကိုတော့ မသိရသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *