Gaming, Review

Orcs Must Die 2

2012 မှာ ထွက်မဲ့ ဂိမ်းတွေက ကုန်သလောက်တောင် ဖြစ်နေပြီဗျ။ 2013မှာတော့ ထွက်မဲ့ ဂိမ်းတွေက တန်းစီနေပါပြီ။ အခုလောလောဆယ်တော့ previewထက် reviewကို ပြန်ကြည့်သင့်နေပြီ။ ထွက်ထားသမျှ ဂိမ်းတွေထဲမှာ ဘယ်ဂိမ်းတွေက ကောင်းလဲပေါ့။ အရင်လက လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ Orcs Must Die 2ကို review ပြန်ကြည့်ကြရအောင်ဗျာ။ ဒီဂိမ်းလေးက ပေါ့ပေါ့ပါးပါး ဆော့လို့ရတဲ့ ဂိမ်းတစ်ခုပါ။ PC Requirementလဲ အများကြီး မတောင်းတဲ့ Action၊ Strategy PC ဂိမ်းတစ်ခုပါ။ ထွက်ထားတဲ့ရက်က ဇူလိုင် ၃၀ပေါ့။ ဒါပေမဲ့ ဒီမှာတော့ အခုမှ ဆော့လို့ရတာပါ။ ဒီဂိမ်းလေးက graphicလဲ အရမ်း မတောင်းဘူးဆိုတော့ ရုပ်ထွက် အလန်းကြီးတော့ မရနိုင်ပါဘူး။ CPU-Dual Core၊ Memory 2G၊ Graphic 256MB လောက်ဆိုတော့ onboard graphicနဲ့တောင် ဆော့လို့ ရနေပါပြီ။ Orcs MustDie 2ကို Robot Entertainmentက publisherရော၊ developerပါ တာ၀န်ယူ ထုတ်လုပ်ခဲ့တာပါ။ တခါတလေ ဂိမ်းတွေက Requirementတွေ အရမ်းတောင်းတဲ့ ဂိမ်းတွေမှ ကစားလို့ ကောင်းတာ မဟုတ်ပါဘူး။ Orcs Must Die 2လို ဂိမ်းတွေကလဲ ဆော့လို့ ကောင်းပါတယ်။ သူ့ပုံစံနဲ့ သူတော့ ခက်ခဲတာလေးတွေ ရှိသလို ဆော့လို့ ကောင်းတာလေးတွေလဲ ပါပါတယ်။

ဒီဂိမ်းမှာ အဓိကရန်သူတွေက monsterတွေ များပါတယ်။ character နှစ်မျိုးနဲ့ ကစားနိုင်ပြီး အခန်းတွေလဲ များပါတယ်။ The War Magsနဲ့ The Sorceressက ဒီဂိမ်းရဲ့ အဓိက ဇာတ်ကောင် တွေပေါ့။ သူတို့ နှစ်ယောက်ကို ရွေးပြီး ကစားနိုင်ပါတယ်။ The War Magsက ယောကျာၤးလေးပါ၊ သူရဲ့ လက်နက်က သေနတ်ပါ။ The Sorceressက မိန်းခလေး၊ ရောင်ခြည်ဒုတ်က သူ့ရဲ့ လက်နက် တစ်ခုပါ။ နှစ်ယောက်စလုံးကို ယောကျာၤးလေး၊  မိန်းခလေး တိုက်ခိုက်ရတဲ့ ပုံစံလေးတွေ ကွဲပြားအောင် ဖန်တီးပေးထားပါတယ်။ သူတို့တွေကို လက်နက်တွေသာ ခွဲပြားအောင် တပ်ဆင်ပေးထားပေမဲ့ ရန်သူတွေကို တိုက်ခိုက်တဲ့နေရာမှာ ထောင်ခြောက်ဆင်ရမဲ့ လက်နက်တွေကိုတော့ တူညီအောင်ပေးထားပါတယ်။ သူတို့ရဲ့ နာမည်တွေကို ကိုယ့်နာမည် ပြောင်းပြီးတော့လဲ ကစားနိုင်ပါသေးတယ်။ ကိုယ်က စကစားတော့မယ်ဆိုရင်တော့ ဇာတ်လိုက် နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးပြီး ရန်သူတွေ ဘယ်နေရာမှာရှိလဲဆိုတာ အရင်ဆုံးရှာရမှာ ဖြစ်ပါတယ်။ ရန်သူတွေကို ရှာရမယ်ဆိုတာကလဲ မြေပုံထဲမှာပါတဲ့ ရန်သူ့နေရာပြတဲ့ အညွှန်းလေးတွေဆီ ရောက်အောင် သွားပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ရန်သူတွေကို တွေ့ပြီဆိုတာနဲ့ ကိုယ်က ထောင်ခြောက်ဆင်ပေးရတော့မှာ ဖြစ်ပါတယ်။ ဇာတ်လိုက်တွေမှာ ထောင်ခြောက်တွေ ဘာလို့ ထည့်ပေးထားတာလဲ ဆိုတာ သူတို့တွေ တိုက်ခိုက်ရမဲ့ monsterတွေက အစုလိုက် အပြုံလိုက် ရောက်ရောက်လာတတ်လ့ိုပါ။

တကယ်လို့ ထောင်ခြောက်တွေသာ မပေးထားဘူးဆို လက်နက်တစ်ခုထဲနဲ့ monsterတွေကို မတိုက်ခိုက်နိုင်ပါဘူး။ ရန်သူတွေက တစ်ချို့ အခန်းတွေမှာဆို အကောင်သေးသေးလေးတွေကနေ ဇာတ်လိုက်တွေထက် ကြီးတဲ့ ရန်သူတွေလဲ ပါလာပါသေးတယ်။ စစချင်းအခန်းမှာ ရင်ဆိုင်ရမဲ့ monster လေးတွေက အကောင်းသေးပေမဲ့ ကိုသွားရမဲ့ လမ်းရဲ့ အစရော အဆုံးမှာပါ ရန်သူတွေ ထွက်ထွက်လာမှာပါ။ ဒီဂိမ်းက open-worldပုံစံမျိုးလို့တောင် ပြောလို့ရသေးတယ်။ နံရံတွေပေါ် မတက်နိုင်ပေမဲ့ အဲ့ဒီ နရံတွေမှာ ထောက်ခြောက်တွေ ဆင်လို့ရတယ်၊ မျက်နှာကြက်တွေပေါ်မှာ ဆင်လို့ ရပါသေးတယ်။ Action၊ Strategyလို့လဲ ပြောလို့ရမဲ့ open-worldပုံစံမျိုးတွေလဲ ပါတဲ့ Orcs Must Die2ကို ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ ကောင်းတဲ့ ဂိမ်းမျိုးတွေ ကြိုက်တဲ့ သူငယ်ချင်းတွေအတွက် ဒီတစ်ပတ် review ညွှန်းလိုက်ပါတယ် ခင်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *