Desktop ကွန်ပျူတာတွေမှာ ပါဝါဖွင့်ပြီး Windows မတက်တဲ့ Errorကတော့ ဖြစ်လေ့ ဖြစ်ထ ရှိတတ်ပါတယ်။ ဘယ်ကစပြီး ဖြစ်တယ်ဆိုတာကတော့ ကွန်ပျူတာ System Unitမှာ ဖုန်မှုန့်တွေနဲ့ အမှိုက်စလေးတွေ ၀င်နေလို့ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာကို သန့်ရှင်းရေး ပုံမှန် လုပ်ပေးရင်တော့ ဒီပြဿနာ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းသွားပါလိမ့်မယ်။ ကဲ စတင်ပြီး Errorကို ဖြေရှင်း ကြည့်ရအောင်။ အရင်ဆုံး ကွန်ပျူတာ ပါဝါကို ပိတ်ထားပေးပါ။ ပြီးရင်တော့ Power Supplyရဲ့ ပါဝါကြိုးကို ဖြုတ်ထားပါ။ ကွန်ပျူတာ System Unitကို သန့်ရှင်းရေး ပြုလုပ်ပေးဖို့ Casing အဖုံးကို ဖွင့်လိုက်ပါ။ Motherboardပေါ်မှာ တက်နေတဲ့ ဖုန်မှုန့်နဲ့ အမှိုက်စလေးတွေကို စုတ်တံဖြင့် ရှင်းလင်းပေးပါ။ CPUထဲမှာ ၀င်နေတဲ့ ဖုန်မှုန့်တွေကိုတော့ CPU Fanကို ဖြုတ်ပြီး စုတ်တံဖြင့် သန့်ရှင်းပေးပါ။ ပြီးရင် Memory Slotမှာ တပ်ထားတဲ့ Memoryကို ဖြုတ်ပြီးတော့ Memory Slot ကြားထဲမှာ ရှိသော ဖုန်မှုန့် လေးတွေကို စုတ်တံဖြင့် ရှင်းလင်းပေးပါ။ ကွန်ပျူတာ အသုံးပြုတာ အချိန်ကာလတွေ ကြာမြင့်လာရင်တော့ Memory Cardက ဂျီးအနည်းငယ် ကပ်နေတတ်ပါတယ်။ ဒါကို ဖြေရှင်းပေးဖို့အတွက် ခဲဖျက်ကို အသုံးပြုရပါလိမ့်မယ်။ ဂျီးတက်နေတဲ့ Memory Cardကြောင့်လည်း Windows မတက် တာလည်း ဖြစ်နိုင်ခြေ များပါတယ်။ ဂျီးတက်နေတဲ့ Memory Cardကို သန့်ရှင်းရန် Memory Cardရဲ့ အောက်ခြေမှာရှိတဲ့ ကြေးငုတ်လေးတွေမှာ တက်နေတဲ့ ဂျီးတွေကို ခဲဖျက်ဖြင့် ဖျက်ပြီး သန့်ရှင်းအောင် ပြုလုပ်ပေးလိုက်ပါ။ ကွန်ပျူတာ အစိတ်အပိုင်း အားလုံး သန့်ရှင်းရေး ပြုလုပ်ပြီးသွားရင်တော့ Power Supply ပါဝါကြိုးကို ပြန်တပ်ပေးပါ။ ကွန်ပျူတာပါဝါကို ဖွင့်လိုက်တာနဲ့ Windows ပြန်တက်တဲ့ အနေအထားကို ရောက်ရှိသွားမှာပါ။
ကွန်ပျူတာ ပါဝါဖွင့်ထားပြီး Windows မတက်သော Error ဖြေရှင်းနည်း

18
Mar