News

ပါရှန်းကြောင်အား အာကာသသို့ အီရန်စေလွှတ်မည်

အီရန်နိုင်ငံက ပါရှန်းကြောင်တစ်ကောင်အား အာကာသအတွင်းသို့ စမ်းသပ် စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပါရှန်းကြောင် လိုက်ပါသော အာကာသခရီးစဉ် ပြီးပါက လူလိုက်ပါသော ယင်းအာကာသခရီးကို ၂၀၂၀ပြည့်နှစ်တွင် အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွင် ဖော်ပြထားသည်။

၁၉၆၀ပြည့်နှစ်အတွင်း အမေရိကန်နှင့် ဆိုဗီယက်တို့၏ အာကာသအစီအစဉ်များတွင် ခွေးများနှင့် မျောက်များသည် အာကာသအတွင်း လိုက်ပါခြင်းဖြင့် ထင်ရှားခဲ့ရာ အီရန်တို့၏ ကြောင်ကလည်း ခွေးများနှင့် မျောက်များ၏ ခြေရာများနောက်ကို တစ်ထပ်တည်းလိုက်မည့် အနေအထားပင် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အီရန်နိုင်ငံ Kavoshgar အာကာသယာဉ်ဖြင့် ကြောင်လိုက်ပါမည့် အစီအစဉ် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တိရစ္ဆာန် အခွင့်အရေး အုပ်စုများက ချက်ချင်းလိုပင် ကန့်ကွက်မှုများ ပြုခဲ့ကြသည်။ အီရန်နိုင်ငံ၏ ထိပ်တန်းအရာရှိ မိုဟာမက် အီဘရာဟီမီက လာမည့်နှစ် မတ်လမတိုင်မီ အာကာသခရီး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားရန် ပြောကြားခဲ့သော်လည်း မူလအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားရန် သတ်မှတ် ထားသည့် ရက်ကို တရား၀င်ရှင်းလင်း ပြောကြးာခြင်းမရှိပဲ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အာကာသယာဉ်နှင့် လိုက်ပါရန် တိရစ္ဆာန်အများအပြားကို စမ်းသပ်ခဲ့ပြီးနောက် ပါရှန်းကြောင်သည် အာကာသ ခရီးတာ၀န်အတွက် အထူး သင့်လျော်သည့် တိရစ္ဆာန်ဖြစ်ကြောင်း၊ အီဘရာဟီမီက ပြောကြားခဲ့သည်။ ယင်း၏ အာကာသ ခရီးစဉ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် တိရစ္ဆာန် အခွင့်အရေးဆိုင်ရာ အုပ်စုများထံမှ ဒေါသတကြီး တုံ့ပြန်သံ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *