Mobile

Touch Screen ရိုးအီနေသူများအတွက်

ယနေ့ခေတ်ဟာစမတ်ဖုန်းခေတ် ဖြစ်တဲ့အတွက် လူတော်တော်များများက Touch Screen စမတ်ဖုန်းလေးတွေ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Touch Screen သုံးရတာရိုးနေတဲ့ မြန်မာအိုင်စီတီပရိသတ်တွေအတွက် တစ်မျိုးဆန်းစေမယ့် QWERTY Keyboardနဲ့ BlackBerry Q10ဖုန်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်။ ဖုန်းကိုပွဲထုတ်ခဲ့တာကတော့ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီက ဖြစ်ပြီး ဖြန့်ချိရောင်းချခဲ့တာကတော့ ပြီးခဲ့တဲ့ ဧပရယ်လက ဖြစ်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ CDMAကောGSMပါ အသုံးပြုလို့ရတဲ့ အတွက် မြန်မာပြည်အတွက် အထူးသင့်တော်တယ်လို့ ဆိုနိုင်ပါသေးတယ်။

2Gကွန်ရက်မှာGSM, CDMAတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး3Gမှာတော့ HSPDA, 4Gကွန်ရက်မှာLTEဗားရှင်းတွေ အထိချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ micro-SIM Card အသုံးပြုရမှာဖြစ်ပြီးအလေးချိန် ၁၃၉ဂရမ်ရှိကာအဖြူနဲ့ အနက်ဆိုပြီးအရောင်၂မျိုးပဲထုတ်လုပ်တာ ဖြစ်ပါတယ်။ QWERTYခလုတ်ဆိုပေမယ့် သူ့ရဲ့ Screenဟာလည်း Super AMOLEDCapactiveTouchScreenဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၃.၁လက်မရှိပြီးMultitouchရတယ်လို့လည်းဆိုပါတယ်။

အချက်အလက်သိုလှောင်ဖို့ Internal Memory 16GBပါ၀င်ပြီး RAM 2GBထည့်သွင်းထားပါတယ်။ မလုံလောက်ရင် microSDCardကို64GBအထိထပ်ထည့်ပြီးအသုံးပြုနိုင်ပါသေးတယ်။ Dataတွေ Transferလုပ်ဖို့ EVDO, HSPDA, 4GLTEစနစ်တွေနဲ့ Bluetooth v4.0ပါ၀င်တဲ့အပြင် microUSBv2.0နဲ့ NFC စနစ်လည်းပါ၀င်ပါတယ်။

Primary Camera 8MPရှိပြီးVideoတွေကိုလည်း1080p@30fpsအရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ Featuresတွေအနေနဲ့ AutoFocus, Geo-Tagging, Check Quality, LED Flash, Image Stabilization, Face Detectionစတာတွေ သာမကResolutionလည်း3264×2448pixelsရှိတယ်လို့ သိရပါတယ်။ Secondary Cameraကိုတော့ 2MPတပ်ဆင် ပေးထားပါတယ်။

ဒီဖုန်းမှာBlackBerryရဲ့ မူပိုင်OS ဖြစ်တဲ့ BlackBerry 10 OSကိုအသုံးပြုထားပြီးဗားရှင်း10.1သို့လည်းUpgradeပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Chipsetကတော့ LTEVersionအတွက် Snapdragon S4Chipsetအသုံးပြု ပေးထားပြီးCPUကလည်း Dual-Core 1.5GHzKraitဖြစ်ကာGPUအတွက် Adreno225ကိုအသုံးပြုထားပါတယ်။ ရေဒီယိုတော့ ပါ၀င်လာခြင်းမရှိပေမယ့် ၎င်းရဲ့BrowserကHTML5Browserဖြစ်တဲ့ အပြင် Accelerometer, Gyro, Proximityနဲ့ Compassစတဲ့ Sensorတွေလည်းပါ၀င်လာတာကိုတွေ့ရပါတယ်။Batteryကလည်း Li-ion 2100mAhဖြစ်ပြီး3Gကွန်ရက်မှာ Talking Time ၁၃နာရီခွဲသုံးလို့ ရတယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းခေတ်ကြီးထဲမှာ Touch Screenတွေပဲသုံးနေရလို့ ငြီးငွေ့နေသူတွေ အတွက် ဒီဖုန်းလေးဟာသင့်ကိုမတူညီတဲ့ ခံစားမှုတွေ ပေးနိုင်မယ့် BlackBerryကထုတ်တဲ့ QWERTYစမတ်ဖုန်းလေးပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Touch Screen ရိုးအီနေသူများအတွက်

  1. Ko Chit Htwe says:

    ခုလည်းသူကိုကြိုက်ပါတယ် စတိုင်ကျလို့ ဒါ့ပေမယ့်ဈေးကြီးတယ်

Leave a Reply

Your email address will not be published. Required fields are marked *