News

၂၀၁၄ခုနှစ် အတွင်း Hilton Yangon ဟိုတယ်ဖွင့်မည်

Hilton-Yangon

ကမ္ဘာ့ထိပ်တန်း ဟိုတယ်လုပ်ငန်းစု တစ်ခုဖြစ်သော Hiltonသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် Hilton Yangon အမည်ဖြင့် အခန်း ၃၀၀ပါ ဟိုတယ်တစ်ခုအား ၂၀၁၄ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် LP Holding Co.,Ltd.နှင့် သဘောတူ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ Hilton Hotel လုပ်ငန်းစု ဝင်ရောက်လာခြင်းသည် စီးပွားရေးနှင့် လူမှုရေးများ ပြုပြင် ပြောင်းလဲလာသော မြန်မာနိုင်ငံအဖို့ သိသာ ထင်ရှား စေသော ဖြစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခင်နှစ်ကထက် ၄၅.၁ရာခိုင်နှုန်း တိုးတက်လာရာ အခြားသော အာရှ မြို့ကြီးများထက် တိုးတက်မှုနှုန်း များပြားလာကြောင်း ပြသနေခြင်း ဖြစ်သည်။ Hilton Hotelများ အုပ်စု အရှေ့အလယ်ပိုင်းနှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Andrew Cloughက စီးပွားအရ တောင့်တင်းခိုင်မာသည့် LP Holding Co., Ltd.နှင့် ပူးတွဲလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှု ရရှိမည်ဟု မျှော်မှန်းကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *