Opinion

ပထမဆုံး မြန်မာ့အမွေအနှစ်ဆိုင်ရာ Documentary (သို့မဟုတ်) Yangon, A City to Rescue

“ဟောင်ကောင်ရဲ့ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံတွေဟာ တစ်စွန်းတစ်စတောင် မြို့တွင်းမှာ မကျန်ရှိတော့ပါဘူး။ ဟောင်ကောင်မြို့ဟာ သူရဲ့ သမိုင်း၀င် လက်ရာတွေကို ဆုံးရံှုးစေခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ရန်ကုန်မှာ ထပ်မဖြစ်ပါစေနဲ့”။ ဒီစကားကတော့ အပြည်ပြည်ဆိုင်ရာ ရန်ကုန်မြို့ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ Yangon Herritage Trust’s အစည်းအေ၀းရဲ့ ပြင်းထန်တဲ့ သတိပေးချက် တစ်ခုပဲ ဖြစ်ပါတယ်။ YHT(YangonHerritageTrust’s)ဟာ ရန်ကုန်ရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက်လိုအပ်တဲ့အကူအညီများကို စိတ်ပါ၀င်စားသူတွေထံ တောင်းခံခဲ့ပါတယ်။

ဒါကြောင့်လည်းမှတ်တမ်းတင်ဓာတ်ပုံဆရာ နှစ်ဦးဖြစ်တဲ့ Jacques Maudy jimi casacciaတို့က အထောက်အထားတွေကို ဖော်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ သမိုင်း၀င်နေရာတွေရဲ့ ဓာတ်ပုံများစွာကို စုဆောင်းနိုင်ခဲ့ပြီး Yangon, A City to Rescue ဆိုတဲ့နာမည်နဲ့ Documentary စာအုပ် တစ်အုပ်ကို ထုတ်ေ၀နိုင်ခဲ့ပါတယ်။

ရန်ကုန်မြို့ဟာ အာဆီယံနိုင်ငံမှာ ရှိတဲ့ မြို့များနှင့်နည်းတူ လျင်မြန်စွာ တိုးတက် ပြောင်းလဲနေတယ်။ ခေတ်မီတဲ့ အဆောက်အဦးများစွာကို အလျင်အမြန်ပဲ တည်ဆောက် လာကြပါတယ်။ ဒါပေမယ့် ယစ်မူးစေလောက်တဲ့ ပုံစံတွေနဲ့ ကိုလိုနီခေတ် လက်ရာတွေကို မှီနိုင်လောက်တဲ့ လက်ရာတွေတော့ မဖန်တီးနိုင်တော့ပါဘူး။

မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရေး ရှုပ်ထွေးမှုပေါင်းများစွာနဲ့ သဘာ၀ ဘေးအန္တရာယ် ပြသာနာတွေကြောင့် ပျက်စီးသွားတဲ့ သမိုင်း၀င် အဆောက်အဦး များအား ပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတော် အစိုးရက ဒီမိုကရေစီလမ်းကြောင်း ရောက်ဖို့အတွက် တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားနေပါတယ်။ ဒီအချိန်မှာ နိုင်ငံကို ပြုပြင်ပြောင်းလဲရေးအတွက် စနစ်ကိုသာမကပဲ စီးပွားရေးနဲ့ လူနေမှု အပိုင်းတွေကိုပါ ပြောင်းလဲ မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေချိန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလအတွင်း စီးပွားရေး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း နိုင်ငံတကာက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ စိတ်၀င်စားနေကြသလို အဆိုပါ အဆောက်အဦးများကိုလည်း စိတ်၀င်တစား လေ့လာသူတွေ များလာနေပါတယ်။

ရန်ကုန်ရဲ့ ကိုလိုနီခေတ် လက်ရာ အဆောက်အဦးတွေထဲက တချိူ့ဟာ အခုချိန်မှာဆိုရင် မူရင်းလက်ရာအတိုင်း မကျန်ရှိတော့ပါဘူး။ သူတို့ထဲက တော်တော်များများဟာ ပြန်လည် ပြုပြင်လိုက်ခြင်း သို့မဟုတ် အဖျက်ဆီး ခံလိုက်ရပြီး အဲဒီနေရာတွေမှာ အဆောက်အဦးသစ်တွေ အစားထိုး တည်ဆောက်လိုက်လို့ပဲ ဖြစ်ပါတယ်။

Jimi Casacciaနဲ့ Jacques Maudyတို့နှစ်ယောက်ဟာ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအစဉ်အဖြစ် ရှေးမြန်မာတို့ရဲ့ အဆောက်အဦးဆိုင်ရာ သမိုင်း အထောက်အထားတွေကို ဖော်ထုတ် တင်ပြနိုင်ဖိ့ုအတွက် Volunteerတွေအဖြစ် ကူညီဆောင်ရွက်ခဲ့ပါတယ်။

ယခုအခါ မြန်မာနိုင်ငံရဲ့ ပွင့်လင်းရာသီကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဟာ အခုခေတ်မှာ မြင်တွေ့ရမှု နည်းပါးလာပြီဖြစ်တဲ့ ရန်ကုန်မြို့မှာရှိတဲ့ ကိုလိုနီခေတ် လက်ကျန် အဆောက်အဦးတွေရဲ့ ဓါတ်ပုံတွေနဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို လိုက်လံ စုဆောင်းခဲ့ကြပါတယ်။ ဒီလို စုဆောင်းခြင်းတွေကပဲ ရရှိလာတဲ့ ဓာတ်ပုံတွေ၊ အထောက်အထားနဲ့ အချက်အလက်တွေကို စာအုပ် ထုတ်ေ၀နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိတ်၀င်စားစရာကောင်းတဲ့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းတွေနဲ့ အဆိုပါ အဆောက်အဦးတွေရဲ့ ခက်ခဲစွာ ဖြတ်သန်းလာရတဲ့ အချိန်တွေကို ဖော်ထုတ် တင်ပြနိုင်ခဲ့သလို၊ ဖော်ထုတ် တင်ပြနိုင်ခဲ့သူတွေ အတွက်ပါ ဂုဏ်ယူစရာ ကောင်းလှပါတယ်။

Jimi Casacciaနှင့် Jacques Maudyတို့ဟာ ရန်ကုန်မြို့မှာရှိတဲ့ ကိုလိုနီခေတ် အဆောက်အဦးတွေရဲ့ မူရင်း ပုံစံတွေနဲ့ ပြောင်းလဲသွားတဲ့ ပုံစံတွေကို အတတ်နိုင်ဆုံး ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စုစည်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေကို ကြည့်ရှုရုံနဲ့ အဲဒီ အဆောက်အဦးတွေရဲ့ ခမ်းနားကြီးကျယ်မှု၊ ဗိသုကာ လက်ရာမြောက်မှုတွေ ဘယ်လောက် ရှိတယ်ဆိုတာကို သိမြင်နိုင်မှာပါ။

နောက်ပြီးတော့ ရင်သပ် ရှုမောရလောက်အောင် ခမ်းနားကြီးကျယ် ထည်ဝါတဲ့ ကိုလိုနီခေတ် တရားရုံးလို အဆောက်အဦးမျိုးတွေဟာ တန်ဖိုး မဖြတ်နိုင်လောက်အောင် နိုင်ငံအတွက် အရေးပါတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒီလိုမျိုး တန်ဖိုးကြီးတဲ့ သမိုင်း၀င် အဆောက်အဦးတွေဟာ အစိုးရရဲ့ ထိန်းသိမ်းပြုပြင်မှု အားနည်းနေခြင်းတွေကြောင့် နိုင်ငံတကာမှာ တိတ်ဆိတ်စွာနဲ့ ပျောက်ကွယ်သွားနေတဲ့ အချက်တွေကိုလည်း ထောက်ပြနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် အတွင်းက တည်ဆောက်ခဲ့တဲ့ အဆောက်အဦး တစ်ချို့သာ အထိမ်းအမှတ်သဘောမျိုး ကျန်ရှိနေပါတော့တယ်။

Jimi Casacciaနှင့် Jacques Maudyတို့နှစ်ယောက်ဟာ ရန်ကုန် အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ၂၀၁၂ခုနှစ်၊ မေလနဲ့ ဇွန်လတွေမှာ ရန်ကုန်မြို့ Strand Hotelမှာ သမိုင်း၀င် အဆောက်အဦးတွေအကြောင်းနဲ့ အခြားသော စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာတွေကို စုစည်း တင်ပြနိုင်ခဲ့ပါတယ်။ အဲဒီလို ပြပွဲတွေ ပြုလုပ်နိုင်ခဲ့ခြင်းနဲ့ မှတ်တမ်းတင် စာအုပ် ထုတ်ေ၀နိုင်ခဲ့ခြင်းတွေက အနုပညာလက်ရာမြောက်တဲ့ သမိုင်း၀င် အဆောက်အဦးတွေကို ထိန်းသိမ်းနိုင်မှု အားနည်းခြင်းတွေကြောင့် ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေတွေကနေ ကာကွယ်ဖို့ ထောက်ပြ သတိပေးနိုင်ခဲ့ပါတယ်။

Ref:www.jjmcphoto.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *