News

ရန်ကုန် (၃၃)မြို့နယ်ကို အရောင်များဖြင့် ခွဲခြားသတ်မှတ်မည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် (၃၃)မြို့နယ်အား မြေအသုံးချမှုနှင့် လူဦးရေသိပ်သည်းမှုများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အရောင်များခွဲခြားသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုကဲ့သို့ မြို့နယ်များအလိုက် အရောင်များခွဲခြားသတ်မှတ်နိုင်ရန် ယခုလအတွင်း တိုင်းဒေသကြီးအစိုးရကို တင်ပြဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီစီမံကိန်းနှင့်မြေယာဌာနမှ တာ၀န်ရှိသူတစ်ဦးက “ရန်ကုန်မြို့ရဲ့မြေတွေကို အရောင်ခွဲခြားတာကို ဒီလထဲမှာ တိုင်းဒသေကြီးအစိုးရကို တင်ပြဆွေးနွေးသွားမယ်” ဟု ပြောသည်။

မြို့နယ်များအလိုက် အရောင်ခွဲခြားဆောင်ရွက်နိုင်ရန်အတွက် လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့နယ် (၂၀)ကျော်အတွက် အရောင်များခွဲခြားသတ်မှတ်ထားပြီး မြို့နယ်ပေါင်း (၃၃)မြို့နယ်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ၎င်းက “အခုမြို့နယ် (၂၀)ကိုတော့ ဆွဲပြီးသွားပြီ။ ရွှေပြည်သာနဲ့လှိုင်သာယာက ဇုန်တွေထဲမှာ လုပ်စရာမရှိသေးလို့ လောလောဆယ်မလုပ်သေးဘူး။ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်မြို့နယ်တို့ကို ဦးစားပေးပြီး အခုလုပ်နေပါတယ်။ ရန်ကုန်မြို့မှာပါတဲ့ မြို့နယ်တွေ အကုန်လုံး လုပ်သွားမယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေထူထပ်မှုနှင့် နေထိုင်မှုအနေအထားများကို သိရှိနိုင်ရန်အတွက် အရောင်များခွဲခြားသတ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ယာယီအားဖြင့် အရောင်(၁၁)ရောင် ခွဲခြားသတ်မှတ်ထားပြီး အ၀ါရင့်မှာ လူနေသိပ်သည်းမှုများသည့်ဇုန်အဖြစ်လည်းကောင်း၊ အ၀ါနုရောင်မှာ လူနေသိပ်သည်းမှုနည်းသည့်ဇုန်အဖြစ်လည်းကောင်း၊ အနီရောင်မှာ ကုန်သွယ်မှုနှင့်စီးပွားရေးဇုန်အဖြစ်လည်းကောင်း၊ ပန်းရောင်မှာ မြို့မြေမျိုးစုံရောနှောပါ၀င်သည့်ဇုန်အဖြစ်လည်းကောင်း၊ မီးခိုးရောင်မှာ ဆိပ်ကမ်းနှင့်ဆိပ်ကမ်း ဆက်စပ်မှုဇုန်အဖြစ်လည်းကောင်း၊ အစိမ်းရောင်မှာ ပြည်သူများအပန်းဖြေနေရာ ပန်းခြံများဇုန်အဖြစ်လည်းကောင်း၊ ခရမ်းရောင်မှာ စက်မှုနှင့်ကုန်လှောင်လုပ်ငန်းဇုန်အဖြစ်လည်းကောင်း၊ အညိုရောင်မှာ မြို့ပြအမွေအနှစ်များဇုန်နှင့် အပြာရောင်မှာ အစိုးရအဖွဲ့အစည်းနှင့် အခြေခံအဆောက်အအုံများ ဇုန်များအဖြစ် ယာယီ သတ်မှတ်ထားကြောင်း သိရသည်။

Related Posts

2 thoughts on “ရန်ကုန် (၃၃)မြို့နယ်ကို အရောင်များဖြင့် ခွဲခြားသတ်မှတ်မည်။

  1. who the hell will remember all the colors?? and i think this is a stupid idea

  2. Mg Lu Aye says:

    အလုပ္မရွိ လအု သန္းရွာ

Leave a Reply

Your email address will not be published. Required fields are marked *