News

အဝေးပြေးအထူးယာဉ်လိုင်းများ ဆီးဂိမ်းဘောလုံးပွဲစဉ်များအတွက် ပြေးဆွဲပေးမည်

Sea Game

နေပြည်တော်တွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲ၊ ဘောလုံးပွဲများအတွက် ရန်ကုန်နှင့် မန္တလေးသို့ အထူးယာဉ်လိုင်းများ ပြေးဆွဲသွားရန် ရှိကြောင်း သိရသည်။ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက (အဝေးပြေး) ဦးဝင်းဆွေက “ယာဉ်စည်းကမ်း ကော်မတီက လောလောဆယ် လျာထားတာကတော့ ရန်ကုန်ကို ဆယ်စီးလောက်၊ မန္တလေးကို ငါးစီးလောက်ပဲ။ ပွဲတော်နီးရင်တော့ ပိုပြီး သိရမှာပါ”ဟု ဇူလိုင်လ ၇ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက ဆက်လက်၍ ဘောလုံးအသင်း တာဝန်ရှိသူများနှင့် အားပေးသူများမှာ ၎င်းတို့၏ အစီအစဉ်ဖြင့်သာ လာရောက်ကြဖွယ်ရှိကြောင်း၊ မြန်မာဘောလုံးအသင်း ကန်မည့်ပွဲစဉ်ပါသော ရက်များတွင် ရန်ကုန်နှင့် မန္တလေးမှ ပရိသတ်များအတွက် ပိုပြီး အရေးကြီးကြောင်း၊ ကျန်သည့် ရက်များတွင်မူ နေပြည်တော်သို့ အဝေးပြေးယာဉ်များ တစ်နာရီလျှင် တစ်စီးခန့် ဝင်/ထွက်နေသည့်အတွက် အဆင်ပြေနိုင်ကြောင်း ပြောကြားသည်။

ဘောလုံးပွဲစဉ်များကို နေပြည်တော်ရှိ ပရိသတ်သုံးသောင်းဆ့ံ ကွင်းကြီးများတွင် ကျင်းပမည်ဖြစ်ရာ ပရိသတ်အပြည့် ဝင်ရောက်စေရန် သယ်ယူပို့ဆောင်ရေး လိုအပ်ပြီး၊ မြို့တွင်းယာဉ်လိုင်းများက ပိုပြီး အရေးပါကာ အဝေးမှလာသော ပရိသတ်က တစ်သောင်းရှိလျှင်ပင် ယာဉ်အစီးရေ ၂၀၀ခန့် လိုအပ်မည် ဖြစ်သည်။ နေပြည်တော်ရှိ ဘောလုံးကွင်းကြီးများသည် လူစည်ကားသော မြို့များနှင့် ဝေးသည့်အတွက် ယခင်က လုပ်ခဲ့သည့် ပွဲများနည်းတူ ဘောလုံးပွဲစဉ်များတွင် ပရိသတ်ပြည့်ရန် ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို မကြည့်မနေရ ပြုလုပ်ရဖွယ် ရှိနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *