News

မျှော်လင့်နေကြတဲ့ နည်းပညာ ပစ္စည်းသစ်များ

အခုဆိုရင် ၂၀၁၃ နှစ်၀က်ကို ကျော်လွန်ခဲ့ပါပြီ။ နည်းပညာ ကုမ္ပဏီကြီး တွေဟာလည်း ပစ္စည်း အကောင်းစားတွေ၊ ပစ္စည်း အသစ်အဆန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ပစ္စည်းတွေလို့ ဆိုတဲ့နေရာမှာ Gadgetsတွေရော၊ Hardware, Software အစုံအလင် ပါ၀င်ပါတယ်။ အိုင်စီတီ ပရိတ်သတ်ကြီး အတွက် မကြာခင် ထွက်ရှိ လာတော့မယ့် နည်းပညာ Productတွေနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။

Smartphoneလောကမှာ Screen Sizeကြီးတွေ ခေတ်စားလာတာနဲ့ အမျှ ထိုင်၀မ်အခြေစိုက် HTC ကုမ္ပဏီ အနေဟာလည်း မျက်နှာပြင် ကျယ်ကျယ် ဖုန်းတစ်မျိုး ထပ်မံ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ၅.၅ လက်မ အရွယ်ရှိမယ်လို့ ခန့်မှန်းထားပြီး HTC ရဲ့အထူး Version တစ်မျိုးအဖြစ် ထွက်ပေါ်လာမှာပါ။


Samsung ဟာလည်း မျက်နှာပြင် ခြောက်လက်မ အရွယ်ရှိ Phablet တစ်မျိုး ထုတ်လုပ်သွားမှာပါ။ Galaxy Series ထဲက Galaxy Note III ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Functionတွေ ပါ၀င်လာမယ်လို့ သိရပါတယ်။


Googleရဲ့ Nexus 7 Tablet ပြီးတော့ Nexus Phone အသစ်လည်း ထပ်မံထုတ်လုပ် သွားမှာပါ။ ပြီးခဲ့တဲ့ နှစ်ကတော့ LG ကထုတ်တဲ့ Nexus 4 ဖုန်းထွက်ရှိခဲ့ပြီး Specificationတွေ ကောင်းမွန်ခဲ့ပါတယ်။ အခုတစ်ခါ Google ထုတ်မယ့် Nexus Smartphoneဟာလည်း စောင့်ကြည့်ရမယ့် Product တစ်မျိုးပဲ ဖြစ်ပါတယ်။


ယနေ့ခေတ်မှာ လူသုံးအများဆုံး Open Source ဖြစ်တဲ့ Android ကို Version အသစ် ထုတ်လုပ်တော့မှာပါ။ “Key Lime Pie”လို့ နာမည်ပေးထားပြီး Google အနေနဲ့ ဒီနှစ်ကုန်၊ သို့မဟုတ် နောက်နှစ် အစောပိုင်းမှာ ထုတ်လုပ်သွားဖို့ ရှိပါတယ်။


Google ကပဲ ထပ်ပြီးတော့ မျက်နှာပြင်အကျယ် ဆယ်လက်မရှိပြီး iPadထက် ပိုမိုပါးလွှာတဲ့ Nexus Tablet တစ်မျိုး ထုတ်လုပ် သွားဦးမှာပါ။


အားကျမခံ Apple ကလည်း ပိုမိုပါးလွှာပြီး ပေါ့ပါးတဲ့ iPad 5 ကို မိတ်ဆက် ပြသတော့မှာပါ။


မကြာမီ ထွက်ရှိလာတော့မယ့် iPhone 5S ရဲ့ Hardware စနစ်တွေဟာ iPhone 5 နဲ့ဆင်တူနေပါတယ်။ ဒါပေမယ့်လို့ ပိုမိုမြန်ဆန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ Fingerprint စနစ်တွေ ပါ၀င်လာဦးမလား ဆိုတာကတော့ စိတ်၀င်စားစရာပါ။


Apple ကပဲ ထပ်မံပြီးတော့ နာမည်ကြီးနေတဲ့ တန်ဖိုးနည်း iPhone တွေကို ထုတ်လုပ် သွားဦးမှာပါ။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Quality ကောင်းမွန်ကာ အကြမ်းခံအောင် တည်ဆောက် ထားပါတယ်။ iPhone 5S နဲ့ရှေ့ဆင့် နောက်ဆင့် ထွက်ပေါ်လာမှာဖြစ်ပြီး ဒီဇိုင်းလည်း သေသပ် လှပတာကို တွေ့ရပါတယ်။


iOS Version အသစ်ဖြစ်တဲ့ iOS 7 ကို Apple ကမကြာခင် တရား၀င် မိတ်ဆက် ကြေငြာတော့မှာပါ။ ဘယ်လို Function, Feature အသစ်တွေ ပါ၀င်လာမလဲဆိုတာ စိတ်၀င်စားဖွယ် ဖြစ်နေပြီး Google ရဲ့ Android Version အသစ်နဲ့ ခေတ်ပြိုင် ထွက်ပေါ် လာတော့မှာပါ။


အမေရိကန် အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Microsoft ကလည်း Surface Tablet အသစ် တစ်မျိုးကို ထုတ်လုပ် တော့မှာပါ။ Intel ရဲ့ Haswell Processsorကို သုံးထားပြီး ရှေ့ကထွက်ခဲ့တဲ့ Version တွေထက် ပိုကောင်းမှာ ဖြစ်ပါတယ်။


Motorola ရဲ့ Moto X ဆိုတဲ့ Smartphone အသစ်ကို သြဂုတ် တစ်ရက်နေ့မှာ မိတ်ဆက် ပြသတော့မှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com/most-anticipated-gadgets-2013-7

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *