Cameras, Gadgets, Review

Honeywell ကိုသုံးဖူးပြီလား

Honeywell International Inc. ဟာ အမေရိကန်နိုင်ငံမှာ ထင်ရှားတဲ့ ကုန်သွယ်ရေးနဲ့နိုင်ငံပေါင်းစုံလုပ်ငန်းစုဖြစ်ပြီး ‌မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ အခြေစိုက်ပါတယ်။

Honeywell အမှတ်တံဆိပ်နဲ့ကုမ္ပဏီကို ၁၉၀၆ ခုနှစ်ကတည်းက မာ့ခ်ဟန်နီဝဲလ်(Mark Honeywell) တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် နှစ်တစ်ရာကျော်သက်တမ်းရှိနေပါပြီ။ လေကြောင်း၊ ဆောက်လုပ်ရေးနည်းပညာ၊ အိုင်တီနည်းပညာနဲ့ Safety ပစ္စည်းစတဲ့ နယ်ပယ်သုံးခုကို အဓိကထုတ်လုပ်ပါတယ်။

Fortune 100 စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး ၂၀၁၈ ခုနှစ်က အဲဒီစာရင်းရဲ့ ၇၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကုမ္ပဏီလုပ်သားအင်အားမှာ ၁၁၀,၀၀၀ ကျော်မှာ ကမ္ဘာအနှံ့အပြားမှာ လုပ်ကိုင်နေကြပြီး အမေရိကန်လုပ်သားအင်အား ၄,၄၀၀၀ ရှိပါတယ်။

၁၉၉၉ ခုနှစ်မှာ AllideSingnal ကနေ Honeywell Inc ကို ဝယ်ယူခဲ့ပါတယ်။ Honeywell ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း Dow Jones စက်မှုပျမ်းမျှညွှန်းကိန်းမှာ ပါဝင်ခဲ့ပါတယ်။

Honeywell အမှတ်တံဆိပ်နဲ့ Network Video Recorder, IP ကင်မရာ, Eyeball ကင်မရာ, Fingerprint Attendance Machines, Junction Box, Barcode Printer စတဲ့ အဆင့်မြင့်နည်းပညာသုံးပစ္စည်းအမျိုးမျိုးကို ICT.com.mm မှာ ရနေပါပြီ။

https://www.ict.com.mm/brand/honeywell/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *