Gadgets, Review

Logitech ဆိုသည်မှာ

Logitech International S.A. ဟာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကွန်ပျူတာပံ့ပိုးပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး ဥရောပ၊ အာရှနဲ့ အမေရိကန်နိုင်ငံတို့မှာ ရုံးတွေ ဖွင့်လှစ်ထားပါတယ်။

PCs နဲ့ တခြားဒစ်ဂျစ်တယ်ထုတ်ကုန်တွေထုတ်လုပ်ရာမှာ input နဲ့ interface ထုတ်ကုန်တွေအတွက် ကမ္ဘာ့အဆင့် ဦးဆောင်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

PC navigation၊ ဗီဒီယိုဆက်သွယ်ရေး၊ smart homes တွေအတွက် ပံ့ပိုးပစ္စည်းများ တီထွင် ရောင်းချပေးနေပါတယ်။ ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းတွေမှာ ကီးဘုတ်၊ မောက်စ်၊ တက်ဘလက်ဆက်စပ်ပစ္စည်းတွေ၊ ဝက်ဘ်ကင်မရာတွေ၊ Bluetooth စပီကာတွေ၊ ဂိမ်းပစ္စည်းတွေေ ပါဝင်ပါတယ်။

Logitech ကုမ္ပဏီကို ဆွစ်ဇာလန်နိုင်ငံမှာ ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မျက်မှောက်ကာလမှာ စက်ရုံတွေေကို အမေရိကန်ပြည်ထောင်စု၊ ထိုင်ဝမ်၊ ဟန်ဂေရီနဲ့ အိုင်ယာလန်နိုင်ငံတို့မှာ လုပ်ကိုင်နေပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ Logitech ရဲ့ထုတ်ကုန်တွေရဲ့ ထက်ဝက်ခန့်ကို တရုတ်နိုင်ငံမှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။

Logitech အမှတ်တံဆိပ် ပစ္စည်းတွေကို ICT.com.mm မှာ လေ့လာကြည့်ရှုပြီး ဝယ်လို့ရပါတယ်။

https://www.ict.com.mm/brand/logitech/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *