Apps

အသစ်မဟုတ်ပေမယ့် လက်ရှိမှာ လူကြိုက်များနေတဲ့ Bagan Keyboardနဲ့ မိတ်ဆက်ပေးချင်တယ်

လက်ရှိ ကျွန်တော်တို့ဆီမှာ ဖုန်းတွေ Tabletတွေ အသုံးများလာကြပြီး အဲဒီသူတွေ အဓိက သုံးကြတာက Chattingနဲ့ Messageတွေ ဖြစ်တာကြောင့် Keyboardစနစ် ကောင်းကောင်းသာ ထည့်ပြီး မသုံးရင် အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ကျွန်တော်က အသုံးတည့်မယ့် Keyboardစနစ် တစ်ခုနဲ့ မိတ်ဆက် ပေးပါ့မယ်။Bagan Keyboardလို့ အမည်ပေးထားပြီး Bagan Innovation Technologyက မေလ ၂၉ရက်နေ့က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Androidစနစ်သုံး ဖုန်းနဲ့ Tabletတွေမှာ ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် လူတိုင်း Androidစနစ်ကိုင် နေကြတော့ အဆင်ပြေပါလိမ့်မယ်။ အဓိက အားသာချက် ကတော့ မြန်မာ စကားလုံး တွေကို အကောင်းဆုံးနဲ့ အတိကျဆုံး ရိုက်နိုင်မှာ ဖြစ်ပြီးတော့ အင်္ဂလိပ် လက်ကွက်လည်း တစ်ပါတည်း ပါရှိတာ တွေ့ရပါတယ်။

နောက်ပြီး အလိုအလျောက် အကြံပေးစနစ်ပါ ထည့်သွင်းထားလို့ ရိုက်နေကျ စကားလုံးတွေဆိုရင် လွယ်ကူစွာ ရိုက်နိုင်မှာ ဖြစ်ပြီး Android Version 1.5 ကနေ 4.2ထိအောင် သုံးနိုင်မှာ ဖြစ်သလို Bagan Keyboardရဲ့ Full Versionကတော့ မကြာခင် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ သူ့ရဲ့ အရွယ်အစားက 2.0 MBရှိမှာ ဖြစ်ပြီး အသုံးပြုသူပေါင်း ၅၀,၀၀၀ကျော်နေပြီ ဖြစ်ပါတယ်။ လက်ရှိ ဖြန့်ချိထားတဲ့ Versionကတော့ 0.9.3ဖြစ်ပြီး Install လုပ်ချင် သူတွေ အတွက် https://play.google.com/store/apps/details?id=com.bit.androsmart.kbမှာ သွားရောက် ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Ref: https://play.google.com/store/apps/details?id=com.bit.androsmart.kb

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *