News

Monogatari Series Second Season

No. of Episodes – 23
Genre –  Super Natural, Romance, Drama
Studio – SHAFT
Score – 4.5 out of 5

Studio SHAFT ရဲ့ Monogatari Series Second Season Animation ဇာတ်လမ်းသစ်ဟာ 2009 မှာထွက်ရှိခဲ့တဲ့ Bakemonogatari Series ရဲ့အဓိကဇာတ်လမ်းတွေနှင့် သူ့ရဲ့အဆက် Nisemonogatari တို့နောက်ပိုင်းမှာ နေရာယူထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Monogatari Animation Series အားလုံးကတော့့ Japan စာရေးဆရာ Nisio Isin နှင့် Taiwan လူမျိုးပန်းချီဆရာ Vofan တို့ရဲ့ Light Novel စာအုပ်များကို မှီငြမ်းထားတဲ့ Anime ဇာတ်လမ်းတွဲများ ဖြစ်ပါတယ်။ Monogatari Series Second Season ဟာ Second Season လို့အမည်ပေးထားပေမည့် သူ့ရှေ့မှာ နှင့်အတူ Bakemonogatari နှင့် Nisemonogatari TV Series တို့ထွက်ရှိထားပြီး အပိုင်းလေးပိုင်းပါတဲ့ ဇာတ်လမ်းတို ထွက်ရှိထားပြီးဖြစ်လို့ စတုတတမြောက် အဓိကဆက်လမ်းတွဲလို့ ပြောလို့ရပြီး နောက်ပိုင်းမှာလည်း Animation ရုပ်ရှင်ဇာတ်လမ်းတွေ ထွက်ဖို့အစီအစဥ်ရှိကြောင်း သိရပါတယ်။ Ghost Story လို့ဘာသာပြန်ဆိုလို့ရမဲ့ Bakemonogatari Series တွေရဲ့ အဓိကဇာတ်လမ်းတွေကတော့ Araragi အနေနှင့် ကျိန်စာသင့်ခံထားရတဲ့ အမျိုးသမီးငယ်တွေကို ကယ်တင်ရပုံတွေကို သဘာဎလွန် Super Natural ဖြစ်ရပ်များနှင့် အချစ်ဟာသဇာတ်လမ်းများကို ရောစပ်ထားတဲ့ပုံစံဖြစ်ပါတယ်။

Monogatari Series Second Season ဇာတ်လမ်းရဲ့ main character အဖြစ် Koyomi Araragi ပဲပြန်လည်ပါဎင်ထားပြီး ဇာတ်ကောင်အသစ်တွေကို အဓိကထည့်သွင်းထားခြင်း မရှိဘဲ အရင်ဇာတ်ကောင်တွေရဲ့ ပြသနာအသစ်တွေကို ပြန်လည်ဖြေရှင်းပေးရပုံ ဇာတ်လမ်းဆင်ထားပါတယ်။ အရင်လိုပဲ မကောင်းဆိုးဎါးတွေရဲ့ ပူးကပ်ခြင်းနှင့် နှောင့်ယှက်ခြင်းခံရတဲ့ ကောင်မလေးတွေကို ကူညီရပုံဇာတ်လမ်းမှာပဲ Hanekawa၊ Hachikuji၊ Sengoku နှင့်အတူ Araragi ရဲ့ညီမငယ်တွေဖြစ်တဲ့ Karen နှင့် Tsukihi တို့ကိုပြန်လည် မြင်တွေ့ရမှာဖြစ်ပေမည့် ဇာတ်ကောင်စရိုက်ကော၊ ဇာတ်ကောင်ဒီဇိုင်းပိုင်းတွေကိုပါ ပုံစံသစ်နှင့် တင်ဆက်ထားတဲ့အတွက် ဇာတ်လမ်းပုံစံမထပ်တာကို တွေ့ရမှာဖြစ်ပြီး Nekomonogatari White ကနေ Koimonogatari အထိ မူရင်း ဎတထုခုနှစ်အုပ်က ဇာတ်လမ်းတွေကို အဓိကမှီငြမ်းထားလို့ အရင်ဇာတ်လမ်းတွဲတွေထက် အပိုင်းပိုများသလို ဇာတ်ကောင် တစ်ယောက်ချင်းဆီရဲ့ character arc တွေလည်း ပိုရှည်လာတာ တွေ့ရမှာပါ။

အရင်ဇာတ်လမ်းတွေကထက် Animation ပိုင်း quality ပိုကောင်းလာတာတွေ့ရပြီး အရောင်သုံးတာတွေ ပိုလှလာသလို နောက်ခံ background တွေကိုလည်း သာမန်ရခြင်းများ မဟုတ်ဘဲ ပန်းချီကားဆန်ဆန်ရေးဆွဲထားတာဟာလည်း စိတ်ဎင်စားဖို့ကောင်းပါတယ်။ စကားပြောခန်းများတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အတွက်ကြောင့် မူရင်းဇာတ်လမ်းတွေကို အရင်ကြည့်ထားမှသာ ဇာတ်ကောင် အများစုရဲ့ ပြောစကား တွေကိုပိုနားလည်မှာဖြစ်ပါတယ်။ လောလောဆယ် အပိုင်း 23 မှာဇာတ်လမ်းကို အဆုံးသတ်ထားပေပြီး Studio SHAFT အနေနှင့် စာရေးဆရာ Nisio Isin  ရဲ့ နောက်ပိုင်းထွက်သမှျ ဇာတ်လမ်းတွေကို Animation ဇာတ်လမ်းအဖြစ် ရေးဆွဲသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Monogatari Series Second Season ကို http://www.crunchyroll.com/monogatari မှာ ကြည့်ရှုနိုင်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *